Wednesday, March 28, 2012

နည်းပညာမြင့် OLED Display Panel များအကြောင်း





ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ရုပ်မြင်သံကြားစက်များ၏ မျက်နှာပြင် ထုတ်လုပ်ရေး ဈေးကွက်ကို Plasma Display နှင့် LCD Display နှစ်မျိုးကသာ  သိမ်းပိုက်စိုးမိုးထားခဲ့ပါသည်။ အရောင်းဈေးကွက် ညွှန်းကိန်းများအရ LCD Display များက ရှေးဦးပေါ်ထွက်ခဲ့သော Plasma Diaplay များကို လွှမ်းမိုးကျော်လွှားသွားခဲ့သော်လည်း ၎င်းတို့နှစ်မျိုးစလုံးမှာ ဈေးကွက်တစ်ခုလုံးကို အပြိုင် စိုးမိုးထားဆဲ ဖြစ်ပါသည်။

ဖြတ်သန်းခဲ့သော နှစ်များအတွင်း အုပ်စုနှစ်ခုစလုံးတွင် LED Backlit အသုံးပြုထားသော မျက်နှာပြင်များ ပေါ်ထွက်လာခြင်း 3D ရုပ်လုံးကြွမျက်နှာပြင်များ ပြုလုပ်လာနိုင်ခြင်း Smart TV , Internet TV အစရှိသည့် နည်းပညာများ ဖွံဖြိုးတိုးတက် လာခဲ့ခြင်းတို့ ရှိခဲ့ပါသည်။ ယခုအခါ ၎င်း မျက်နှာပြင် အမျိုးအစားများအပြင် ပါဝါသုံးစွဲမှုသက်သာပြီး ပုံရိပ်ပြတ်သားမှု အလွန်ကောင်းမွန်သည့် မျက်နှာပြင် ပုံဖော်ခြင်း နည်းပညာသစ် တစ်မျိုးထပ်မံပေါ်ထွက်လာခြင်းဖြင့် ဈေးကွက်အတွင်း နည်းပညာ ပြိုင်ဆိုင်မှု အရှိန်အဟုန်မှာ ပိုမိုကြီးမားလာစေပါတော့သည်။

Mirrorless Camera များ







ဓါတ်ပုံ နှင့် ဗီဒီယို ၀ါသနာရှင်များအကြား ယခုနှစ်များအတွင်း ရေပန်းစားလာသော ကင်မရာ တစ်မျိုးမှာ Mirrorless Interchangeable Lens Camera ဟု ခေါ်ဆိုနေကြသည့် ကင်မရာ စံနစ်အသစ် တစ်မျိုးပင်ဖြစ်ပါသည်။ အဆိုပါ ကင်မရာ စံနစ်အကြောင်းကို ကြားဖူး ပြောဆိုဖူးကြသည်ဖြစ်သော်လည်း လူအများစုမှာ အထူးသဖြင့် တတ်သိကျွမ်းကျင်သူ ပညာရှင်မဟုတ်သောသူများ သမားရိုးကျ ဓါတ်ပုံ ဗီဒီယိုဝါသနာရှင်များမှာ ၎င်းမှာမည်သည့် စံနစ်မျိုးဖြစ်သည် မည်ကဲ့သို့သော စွမ်းဆောင်ရည်များရှိသည်ကို တိတိကျကျ သိရှိကောင်းမှ သိရှိကြမည်ဖြစ်ပါသည်။ ယခု ဤဆောင်းပါးတွင် အဆိုပါ ကင်မရာ စံနစ်အကြောင်းနှင့် ၎င်းတို့၏ အားသာချက် အားနည်းချက်များကို အကျဉ်းမျှ ဖော်ပြသွားပါမည်။

ရေပန်းစားလာသည့် All-In-One Computer များ







All in one Computer ဆိုသည်မှာ စားပွဲတင် PC အမျိုးအစား ကွန်ပျူတာ၏ System Unit နှင့် Monitor တို့ကို တစ်ပေါင်းတည်းပြုလုပ်ထားသော ကွန်ပျူတာများ ပင်ဖြစ်သည်။ Apple ကုမ္ပဏီမှ ခပ်စောစော ကာလ များကပင် ၎င်းအမျိုးအစား Computer များကို ထုတ်လုပ်ခဲ့ပြီး ၁၉၈၀ လွန်ကာလများက Original Macintosh များသည်လည်းကောင်း ၁၉၉၀ နောက်ပိုင်းတွင် iMac ကွန်ပျူတာများသည်လည်းကောင်း ထင်ရှားသော Model များဖြစ်ကြသည်။ All in one computer များသည် အခြားသော Desktop အမျိုးအစား ကွန်ပျူတာများထက် ပိုမို ကျစ်လစ်ပေါ့ပါးပြီး ရွှေ့ပြောင်း သယ်ယူရလွယ်ကူသည်။ နံရံမှ မီးပလပ် ဖြုတ်လိုက်ရုံဖြင့် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ရွှေ့ပြောင်း သယ်ယူနိုင် သကဲ့သို့ ၎င်းအတွက် နေရာ ချထားရာတွင်လည်း သမားရိုးကျ Desktop PC များထက် များစွာ ၀န်ကျဉ်းပေသည်။

စာဖတ်ဝါသနာရှင်များအတွက် E-Book Reader များ








နည်းပညာများ ဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ  လူတို့၏ Life Styles များသည်လည်း အလိုက်သင့် လိုက်ပါပြောင်းလဲလျက်ရှိနေပါသည်။ စာအုပ်စာပေ လူ့မိတ်ဆွေဟု ဆိုရိုးရှိသည့်အတိုင်း စာဖတ်သည့် အလေ့အထသည် လူတိုင်းလိုလို ၌ပင် ရှိကြသည်ဖြစ်သည်။ သို့ရာတွင် ပြောင်းလဲလာသော နည်းပညာများ နှင့် ဆက်သွယ်ရေးစံနစ်သစ်များ၏ အထောက်အကူများကြောင့် ယခင် အဖိုးအခကြီးကြီး ပေးဝယ်ကာ ဖတ်ရှုခဲ့ကြရသော စာအုပ်စာပေများ မဂ္ဂဇင်းများ ၀ထ္ထုများသည် လူတိုင်းတတ်နိုင်သော အဖိုးအခ နည်းနည်း သာပေးရသော e-books များအဖြစ်သို့ ပြောင်းလဲလာကာ ၎င်း e-book များကိုဖတ်ရှုနိုင်သော တန်ဖိုးသိပ်မများလှသည့် သွားလေရာသယ်ဆောင်သွားနိုင်သော e-book Reader များ၏ အခန်းကဏ္ဍ သည်လည်း တစ်စတစ်စ ကျယ်ပြန့်လာပါတော့သည်။

Saturday, March 3, 2012

Hybrid မော်တော်ယာဉ်များအကြာင်းတစေ့တစောင်း

   


ယနေ့ခေတ်၏ မော်တော်ယာဉ်များတွင် နှစ်မျိုး (သို့ ) နှစ်မျိုးထက်ပိုမိုသော စွမ်းအင် ကို အသုံးပြု ထားသည့် မော်တော်ယာဉ် (Hybrid vehicles မျိုးစပ်ယာဉ်များ) အသုံးပြုမှုသည် တွင်ကျယ်သည်ထက် တွင်ကျယ် လာလျက်ရှိပါသည်။ မော်တော်ယာဉ်များ၏ သမိုင်းကြောင်းတစ်လျှောက်တွင် hybridazation မျိုးစပ်ခြင်းနည်းပညာသည် ယခုမှပေါ်ပေါက်လာသော နည်းပညာ အသစ်အဆန်း မဟုတ်ပေ။ မော်တော်ယာဉ်များ၏ ခေတ်ဦးကာလများ ကတည်းကပင် electric power နှင့် gasoline power တို့ကိုတွဲစပ်သုံးခဲ့ ကြပါသည်။

၂၀၁၂ အတွက်မျှော်လင့်နိုင်သော IT နည်းပညာ ပစ္စည်းများ


၂၀၁၂ အတွင်း ချဉ်းနင်းဝင်ရောက်ခဲ့ပြီးသည့်နောက် ယခုနှစ်အတွင်း လူအများကို စိတ်ဝင်တစား ဆွဲဆောင်စေမည့် IT Gadgets ခေါ် နည်းပညာမြင့် တစ်ကိုယ်ရည်သုံး ပစ္စည်းအသစ်များကို မျှော်လင့်စောင့်စား လျက်ရှိကြပါသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း အထူးရေပန်းစားခဲ့သည့် Apple မှ iPad 2, iPhone 4s Google Chrome Book, Samsung Galaxy SII, Samsung Galaxy Note စသည့် ပစ္စည်းများနည်းတူ ယခုနှစ်အတွင်း ထပ်မံထွက်ရှိမည်ဟု မျှော်လင့်ရသော နည်းပညာပစ္စည်း တို့၏ ကြိုတင်ခန့်မှန်းချက်အချို့ကို ဖော်ပြပါမည်။


Apple iPhone 5





မြေကြီးလက်ခတ်မလွဲနီးပါးလောက် သေချာတာတစ်ခုကတော့ ယခုနှစ်အတွင်း iPhone 5 ထွက်ရှိမည် ဆိုခြင်းပင်ဖြစ်သည်။