နည်းပညာများ ဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ လူတို့၏ Life Styles များသည်လည်း အလိုက်သင့် လိုက်ပါပြောင်းလဲလျက်ရှိနေပါသည်။ စာအုပ်စာပေ လူ့မိတ်ဆွေဟု ဆိုရိုးရှိသည့်အတိုင်း စာဖတ်သည့် အလေ့အထသည် လူတိုင်းလိုလို ၌ပင် ရှိကြသည်ဖြစ်သည်။ သို့ရာတွင် ပြောင်းလဲလာသော နည်းပညာများ နှင့် ဆက်သွယ်ရေးစံနစ်သစ်များ၏ အထောက်အကူများကြောင့် ယခင် အဖိုးအခကြီးကြီး ပေးဝယ်ကာ ဖတ်ရှုခဲ့ကြရသော စာအုပ်စာပေများ မဂ္ဂဇင်းများ ၀ထ္ထုများသည် လူတိုင်းတတ်နိုင်သော အဖိုးအခ နည်းနည်း သာပေးရသော e-books များအဖြစ်သို့ ပြောင်းလဲလာကာ ၎င်း e-book များကိုဖတ်ရှုနိုင်သော တန်ဖိုးသိပ်မများလှသည့် သွားလေရာသယ်ဆောင်သွားနိုင်သော e-book Reader များ၏ အခန်းကဏ္ဍ သည်လည်း တစ်စတစ်စ ကျယ်ပြန့်လာပါတော့သည်။
1998
ခုနှစ်က United States Silicon Vally တွင်စတင်ထုတ်လုပ်ခဲ့သည့် ပထမဆုံး
e-book reader များဖြစ်သော Rocket ebook နှင့် SoftBook များသည် စာအုပ်
ခပ်ထူထူ အရွယ်အစား ခန့်ရှိပြီး Black & White LCD Screen နှင့်ဖြစ်ကာ
စာအုပ် ၁၀အုပ်စာခန့် ထည့်သွင်းဖတ်ရှုနိုင်ပါသည်။ ထို့နောက်တွင် 1999
ခုနှစ်နောက်ပိုင်းမှစ၍ အခြားသော ကုမ္ပဏီများမှလည်း e-book reader များကို
ဆက်တိုက်ပင်ထုတ်လုပ် လာခဲ့ရာ 2010 ခုနှစ်တွင် ကမ္ဘာအနှံ့အပြား၌ e-book
reader ပေါင်း ၁၂.၈ သန်းခန့် ထုတ်လုပ်ရောင်းချခဲ့ပြီး ဖြစ်ကြောင်း IDC
(Interactive Data Corporation) ၏ ၂၀၁၁ ခုမတ်လတွင်ပြုလုပ်ခဲ့သော
စစ်တမ်းအရသိရပါသည်။
E-book
reader များသည် ယခု ရေပန်းစားလာသည့် Tablet Computer များနှင့်
ပုံသဏ္ဍန်ခြင်း ခပ်ဆင်ဆင် ဖြစ်ကာ ၎င်းမှာ Tablet များထက်ပိုမိုရိုးစင်းပါသည်။
E-book reader များသည် အဖြုအမဲ (E-Ink Screen) ကိုသာ ပြသပေးနိုင်ပြီး
သမားရိုးကျ နှိပ်ရသည့်ခလုတ်များ ပါရှိသည့် မော်ဒယ်များမှ အစ ရောင်စုံ
Display ပါရှိပြီး Multi-touch screen ပါရှိသည့် Tablet နှင့်မခြား
အသုံးပြုနိုင်သည့် မော်ဒယ်များအထိ ပုံသဏ္ဍန် အရွယ်အစားမျိုးစုံ
တွေ့ရှိနိုင်ပါသည်။ အချို့သော E-book reader များ ဥပမာ Amazon Kindle Fire
ကဲ့သို့သော မော်ဒယ်များသည် Tablet များတွင်အသုံးပြုသည့် OS
များကိုအသုံးပြုထားသည့်အပြင် စွမ်းဆောင်ရည်မှာလည်း Tablet နီးပါး
အသုံးပြုနိုင်သည်ကိုတွေ့ရပါသည်။
E-book reader တစ်လုံးရွေးချယ်ရာတွင် အဓိကအကျဆုံး ရွေးချယ်မှုမှာ Screen အမျိုးအစားနှင့် အရွယ်အစားဖြစ်ပါသည်။ အခြေခံအကျဆုံး မော်ဒယ်များသည် အဖြူအမဲ E-Ink Display ကိုအသုံးပြုထားပြီး ၅လက်မ ၆လက်မ အရွယ်အစားများ အများဆုံးတွေ့နိုင်ပါသည်။ ၎င်း Display ၏အားသာချက်မှာ ဖတ်ရှုသူအတွက် သာမာန်စာအုပ်တစ်အုပ် ဖတ်ရှုရသည့်အတိုင်း အချိန်ကြာမြင့်စွာ နာရီပေါင်းများစွာ ဖတ်ရှုသည့်တိုင် မျက်စေ့ထိခိုက်မှုမရှိခြင်း တောက်ပသော နေရောင်အောက်တွင်ပင် ကောင်းမွန်စွာ ဖတ်ရှုနိုင်ခြင်း ဘက်ထရီသက်တမ်းကြာမြင့်စွာ အချို့သောမော်ဒယ်များသည် လနှင့်ပင်ချီ၍ခံခြင်း စသည်တို့ဖြစ်သည်။ သို့သော် ၎င်းသည် Backlit Display မဟုတ်သောကြောင့် အလင်းရောင်ရှိသော နေရာ၌သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ဈေးကွက်တစ်ခုလုံးတွင်
အရောင်းရအတွင်ကျယ်ဆုံးအဖြစ် ၆လက်မ အရွယ်အစား Reader များကဦးဆောင် နေပြီး
Amazon Kindle , Barnes & Noble Nook Simple Touch , Sony Wifi eReader
စသည် တို့မှာ လူကြိုက်များသော မော်ဒယ်များဖြစ်ကြသည်။ ကြီးမားသော
ဖတ်စာအုပ်အသုံးပြုသူ ကျောင်းသားများ အတွက် ရည်ရွယ်၍ Amazon kindle DX ကို
၉.၇ လက်မအရွယ်အစားဖြင့် ဆက်လက်ထုတ်လုပ်နေသေးသော်လည်း အရေအတွက်
နည်းပါးပါသည်။
E-Ink
ဖြစ်စေ Backlit Screen ဖြစ်စေ တူညီသော အချက်မှာ Touch Screen
အမျိုးအစားဖြစ်ခြင်းသည် QWERTY hardware ကီးဘုတ်ပါရှိသည်ထက်ပိုမို
အသုံးဝင်ကာ online စာအုပ်အရောင်းဆိုင်များ၏ website များ application
များကို အသုံးပြုရသည်မှာ ပိုမိုလွယ်ကူလျှင်မြန်ပါသည်။ E-Ink Display
များသည် စာမျက်နှာများ ဖတ်ရှုရရာတွင် ကောင်းမွန်လှသည်မှာ မှန်သော်လည်း
Tablet အနိမ့်စား Backlit အမျိုးအစားများမှာ အလင်းရောင်မရှိသည့်
နေရာတွင်ဖတ်ရှုနိုင်ခြင်း ၎င်းတို့၏ Color Display များသည် ရုပ်စုံမဂ္ဂဇင်းများ
ဓါတ်ပုံများ ကြည့်ရှုရာတွင် အဆင်ပြေကောင်းမွန်ခြင်း website
များဝင်ရောက်ကြည့်ရှုနိုင်ခြင်း ဗီဒီယိုများ ကြည့်ရှုနိုင်ခြင်း အချို့
Android application များအသုံးပြုနိုင်ခြင်း စသည်တို့မှာ
အားသာချက်များဖြစ်ပါသည်။
နောက်ထပ်
ရွေးချယ်ရန်တစ်ချက်မှာ မည်သည့် Connectivity
မျိုးအသုံးပြုလိုသနည်းဆိုသည်ပင်ဖြစ်သည်။ အချို့သော အခြေခံ မော်ဒယ်များသည်
ကွန်ပျူတာနှင့်ချိတ်ဆက်မှသာ စာအုပ်များထည့်သွင်းခြင်းကို ပြုလုပ်နိုင်ပြီး
အချို့သောမော်ဒယ်များ ဥပမာ Amazon Kindle fire, Barnes & Noble Nook
Tablet စသည်တို့တွင် Internet ကို wifi အသုံးပြုချိတ်ဆက်နိုင်ကာ
စာအုပ်ရောင်းချသော ဆိုင်များမှတစ်ဆင့် ဒါရိုက်ထည့်သွင်းဖတ်ရှုနိုင်ပါသည်။
အချို့သော မော်ဒယ်များ အထူးသဖြင့် Tablet ဆန်သော E-reader များတွင် wifi
ရော 3G ပါအသုံးပြုနိုင်၍ 3G ကွန်ယက်ဖြန့်ကျက်ထားသည့် နိုင်ငံများတွင်
နေရာမရွေး Internet နှင့်ချိတ်ဆက်ကာ အသုံးပြုနိုင်ပါသည်။
ထို့ပြင်
e-book reader တွင်ထည့်သွင်းဖတ်ရှုနိုင်သည့် ဖိုင် format
အမျိုးအစားများကိုလည်း မိမိ ထည့်သွင်းလိုသည့် အမျိုးအစား
ထည့်၍ရနိုင်မရနိုင် ဂရုပြုရွေးချယ်ရန် လိုအပ်သကဲ့သို့ Tablet ဆန်ဆန်
e-reader များ ၀ယ်ယူမည်ဆိုပါက ထည့်သွင်းအသုံးပြုနိုင်သည့် application များ
လုပ်ဆောင်ချက်များကို ရွေးချယ်ရန်လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment