ယနေ့ခေတ်၏ မော်တော်ယာဉ်များတွင် နှစ်မျိုး (သို့ ) နှစ်မျိုးထက်ပိုမိုသော စွမ်းအင် ကို အသုံးပြု ထားသည့် မော်တော်ယာဉ် (Hybrid vehicles မျိုးစပ်ယာဉ်များ) အသုံးပြုမှုသည် တွင်ကျယ်သည်ထက် တွင်ကျယ် လာလျက်ရှိပါသည်။ မော်တော်ယာဉ်များ၏ သမိုင်းကြောင်းတစ်လျှောက်တွင် hybridazation မျိုးစပ်ခြင်းနည်းပညာသည် ယခုမှပေါ်ပေါက်လာသော နည်းပညာ အသစ်အဆန်း မဟုတ်ပေ။ မော်တော်ယာဉ်များ၏ ခေတ်ဦးကာလများ ကတည်းကပင် electric power နှင့် gasoline power တို့ကိုတွဲစပ်သုံးခဲ့ ကြပါသည်။
အစောဆုံး ၁၈၉၉ ခုနှစ်ခန့်မှစ၍ Belgium နိုင်ငံမှ ကားထုတ်လုပ်သည့် Pieper ကုမ္ပဏီမှ ထိုင်ခုံများ၏အောက်တွင် Battery များထည့်သွင်းထားသည့် Electric Motor နှင့် ဓါတ်ဆီ Engine နှစ်မျိုးတွဲသုံးထားသည့် မော်တော်ကားများပြုလုပ်ခဲ့သည်။ ယခုခေတ်တွင် ရေပန်းအစားဆုံး Hybrid အမျိုးအစား မော်တော်ယာဉ်များမှာ လျှပ်စစ်စွမ်းအင်နှင့် လောင်စာဆီတစ်မျိုးမျိုး တွဲစပ်အသုံးပြုသော Hybrid Electric Vehicles များပင်ဖြစ်ပါသည်။
Parallel စံနစ် နှင့် Series စံနစ်
ထင်ရှားသော
Hybrid ပုံစံနှစ်မျိုးမှာ Parallel နှင့် Series စံနစ်တို့ ပင်ဖြစ်ပါသည်။
Parallel hybrid system တွင် Gasoline engine တစ်လုံး Electric Motor
တစ်လုံးပါရှိပြီး တည်ဆောက်ထားပုံ အပေါ်မူတည်၍
တစ်မျိုးချင်းစီအလိုက်သော်လည်းကောင်း နှစ်မျိုးစလုံး
ပြိုင်တူသုံး၍သော်လည်းကောင်း မော်တော်ယာဉ်ကို မောင်းနှင်နိုင်ပါသည်။
၎င်းစံနစ်တွင် Engine , Electric Motor နှင့် Gear Box တို့အား Automatic
Control Clutch များဖြင့် အချိုးကျစွာ တွဲစပ်ထားပါသည်။ Electric Motor
ဖြင့်မောင်းနှင်သည့်အခါ Engine နှင့် Gear Box ကြားရှိ Clutch ကို
ဖွင့်ပေးထားပြီး Engine ဖြင့်မောင်းနှင်သည့်အခါတွင် Motor မှာ Engine Speed
အတိုင်း လိုက်ပါလည်ပတ်ရပါသည်။ ပထမဆုံး စီးပွားဖြစ် အမြောက်အများ
ထုတ်လုပ်သော ၎င်း အမျိုးအစား မော်တော်ကားမှာ Honda Insight ဖြစ်ပါသည်။
Series
or Serial-Hybrid စံနစ်သုံးမော်တော်ယာဉ်များကို EREV (Extended Range
Electric Vehicle) (သို့) REEV (Range Extended Electric Vehicle) များဟု
အသိများကြသည်။ ၎င်းစံနစ်တွင် Electric Motor များသက်သက်ဖြင့်သာ မောင်းနှင်ပြီး
Engine မှာ Electric Motor များအတွက် Battery Pack များမှ လိုအပ်သော
လျှပ်စစ် စွမ်းအင်ကို လုံလောက်အောင် ထုတ်မပေးနိုင်တော့သည့်အခါ Generator
ကိုလည်ပတ်စေရန်အတွက်သာ အသုံးပြုပါသည်။ ၎င်းစံနစ်မှာ ယခင်ကရှိနှင့်ပြီးသား
ဒီဇယ်-လျှပ်စစ် မီးရထားစက်ခေါင်းများ သင်္ဘောများတွင် အသုံးပြုထားသော
စံနစ်နှင့် အတူတူပင်ဖြစ်ပါသည်။
Plug-in Hybrid Electric Vehicle (PHEV)
အမျိုးအစားမှာ အထက်တွင်ဖော်ပြခဲ့သည့် Fuel-Electric မော်တော်ယာဉ်
အမျိုးအစား (Parallel or Series) ပင်ဖြစ်သော်လည်း Battery Pack များ၏
ပမာဏကို တိုးမြှင့်ထားသည့်အပြင် ခရီးစဉ်တစ်ခု ပြီးဆုံးသည့်အခါ ပြင်ပ
Electrical Supply တစ်ခုခုမှနေ၍ Battery Pack များကိုပြန်လည်
အားဖြည့်သွင်းနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ပါရှိသော Internal
Combustion Engine ကိုအသုံးပြုရမှု လျော့ကျသည့်အတွက်
မီးခိုးထုတ်လွှတ်မှုကိုလျော့ချနိုင်သည့်အပြင် ယေဘုယျအားဖြင့် Electrical
Power မှာ Fuel ထက်ကုန်ကျစရိတ်သက်သာသဖြင့် နှစ်သက်သူများပြားပါသည်။
Fuel Cell Electric Hybrid
၎င်းတို့သည်
ယေဘုယျအားဖြင့် Electric Vehicle များဖြစ်ကြပြီး Fuel Cell
များဖြင့်တည်ဆောက်ထားသည့် Electronic Battery Pack များကိုအသုံးပြုထားသည်။
Fuel Cell များသည် Hydrogen ပါဝါကိုအသုံးပြုထားခြင်း ဖြစ်ကာ ၎င်း Hydrogen
များဓါတ်ပြုလောင်ကျွမ်းစေခြင်းဖြင့် Battery များကို Electric Power
ရရှိစေပါသည်။
ယခုအခါ
ဖွံဖြိုးပြီးနိုင်ငံအများအပြားတွင် Hybrid Electric Vehicle များကို
ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီဖြစ်သလို အချို့နိုင်ငံများတွင်
ကားပါကင် ကဲသို့သော နေရာများ၌ပင် Battery များကို ပြန်လည်
အားဖြည့်သွင်းပေးနိုင်သည့် စံနစ်များစတင်အသုံးပြုနေကြပြီဖြစ်ပါသည်။
နောင်လာမည့် နှစ်များအတွင်း ဇီဝရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကို
လျော့ချနိုင်ရေးအတွက် ဦးတည်ကြိုးပမ်းနေကြရာ ၎င်း Hybrid Electric
မော်တော်ယာဉ်များ၏ အခန်းကဏ္ဍမှာ ယခုထက်ပိုမို ကျယ်ပြန့်လာမည်ဖြစ်ပါကြောင်း
တင်ပြလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment