ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ရုပ်မြင်သံကြားစက်များ၏ မျက်နှာပြင် ထုတ်လုပ်ရေး ဈေးကွက်ကို Plasma Display နှင့် LCD Display နှစ်မျိုးကသာ သိမ်းပိုက်စိုးမိုးထားခဲ့ပါသည်။ အရောင်းဈေးကွက် ညွှန်းကိန်းများအရ LCD Display များက ရှေးဦးပေါ်ထွက်ခဲ့သော Plasma Diaplay များကို လွှမ်းမိုးကျော်လွှားသွားခဲ့သော်လည်း ၎င်းတို့နှစ်မျိုးစလုံးမှာ ဈေးကွက်တစ်ခုလုံးကို အပြိုင် စိုးမိုးထားဆဲ ဖြစ်ပါသည်။
ဖြတ်သန်းခဲ့သော
နှစ်များအတွင်း အုပ်စုနှစ်ခုစလုံးတွင် LED Backlit အသုံးပြုထားသော
မျက်နှာပြင်များ ပေါ်ထွက်လာခြင်း 3D ရုပ်လုံးကြွမျက်နှာပြင်များ
ပြုလုပ်လာနိုင်ခြင်း Smart TV , Internet TV အစရှိသည့် နည်းပညာများ
ဖွံဖြိုးတိုးတက် လာခဲ့ခြင်းတို့ ရှိခဲ့ပါသည်။ ယခုအခါ ၎င်း မျက်နှာပြင်
အမျိုးအစားများအပြင် ပါဝါသုံးစွဲမှုသက်သာပြီး ပုံရိပ်ပြတ်သားမှု
အလွန်ကောင်းမွန်သည့် မျက်နှာပြင် ပုံဖော်ခြင်း နည်းပညာသစ်
တစ်မျိုးထပ်မံပေါ်ထွက်လာခြင်းဖြင့် ဈေးကွက်အတွင်း နည်းပညာ ပြိုင်ဆိုင်မှု
အရှိန်အဟုန်မှာ ပိုမိုကြီးမားလာစေပါတော့သည်။
၎င်းသည် အနာဂါတ် တယ်လီဗေးရှင်းများ၏ သမိုင်းစာမျက်နှာသစ်ကို ဖော်ကြူးမည့် OLED ဟုအတိုကောက်ခေါ်သည့် Organic Light-Emitting Diode အမျိုးအစား မျက်နှာပြင် နည်းပညာသစ်ပင်ဖြစ်ပါတော့သည်။
၎င်းသည် အနာဂါတ် တယ်လီဗေးရှင်းများ၏ သမိုင်းစာမျက်နှာသစ်ကို ဖော်ကြူးမည့် OLED ဟုအတိုကောက်ခေါ်သည့် Organic Light-Emitting Diode အမျိုးအစား မျက်နှာပြင် နည်းပညာသစ်ပင်ဖြစ်ပါတော့သည်။
သင်သည် Samsung (သို့မဟုတ်) Huawei အမျိုးအစား နောက်ဆုံးပေါ် စမတ်ဖုန်း တစ်လုံးကို အသုံးပြုနေသူ ဖြစ်ပါက Active-Matrix OLED (AMOLED) မျက်နှာပြင်ကို ထိတွေ့ခံစားဖူးသူ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ OLED ဆိုသည်မှာ ကာဗွန် နှင့် ဟိုက်ဒရိုဂျင် အော်ဂဲနစ် Semi-conductor များကို လျှပ်စစ်ပေးခြင်းဖြင့် အလင်းရောင်ထွက်ပေါ်စေသော နည်းပညာကို အသုံးပြုထားသော မျက်နှာပြင် ပုံဖော်သည့် နည်းပညာ ဖြစ်ပါသည်။ တယ်လီဗေးရှင်းများတွင် ၎င်းတို့ကို တပ်ဆင်အသုံးပြုသောအခါ Plasma နှင့် Liquid Cystal Display (LCD) တို့ထက် ပါဝါအသုံးပြုမှု များစွာသက်သာရုံသာမက ပိုမိုလျင်မြန်သော Response Time နှင့် ပိုမို တောက်ပသော ပုံရိပ်များပြသပေးနိုင်ပါသည်။ ထို့အပြင် ရှေ့နည်းပညာ များနှင့် မတူသော နောက်တစ်ချက်မှာ ၎င်းတို့၏ ပင်ကိုယ် အလင်းရောင် ထုတ်ပေးနိုင်သည့်စွမ်းရည်ကြောင့် နောက်ခံမှ အလင်းရောင်ပေးသည့် စံနစ်လုံးဝ မလိုအပ်တော့ခြင်းပင်ဖြစ်သည်။
OLED
တယ်လီဗေးရှင်းများသည် ယခုနှစ်မှပေါ်ထွက်လာသော နည်းပညာတော့ မဟုတ်ပေ။ ၂၀၀၇
ခုနှစ်တွင် Sony မှ XEL-1 OLED TV နှင့် ၂၀၀၉ ခုနှစ်တွင် LG မှ ၁၉လက်မ TV
တစ်မျိုး ထုတ်လုပ်ခဲ့ကြပါသည်။ သို့ရာတွင်
ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားပြီး ထုတ်လုပ်နိုင်သော နည်းပညာလက်ဝယ်ရှိသူ
နည်းပါးသေး သောကြောင့် OLED တယ်လီဗေးရှင်းများသည် အများသုံး
အရောင်းတွင်ကျယ်သည့် ဈေးကွက်အဖြစ်သို့ ရောက်ရှိမလာခဲ့ပေ။ Sony XEL-1
ဆိုလျှင် ဈေးကွက်စတင်ခါစက ဒေါ်လာ ၂၅၀၀ ထိပင် ဈေးနှုန်း သတ်မှတ်ခဲ့ပါသည်။
သင်၏စိတ်ထဲတွင် သိပ်မဆိုးသော ဈေးနှုန်းအဖြစ် တွေးကောင်း တွေးနေမည်
ဖြစ်သော်လည်း ၎င်းအတွေးသည် ထိုမျက်နှာပြင်မှာ ၁၁ လက်မ သာရှိသော မျက်နှာပြင်
ဖြစ်သည်ကို သိရှိရချိန်အထိသာ ခံမည်ဖြစ်ပါသည်။ မျှော်လင့်ထားသည့်အတိုင်းပင်
Sony မှ ၎င်း၏ ပြိုင်ပွဲဝင် ကစားသမားအား အချိန်ကာလ မကြာမြင့်မီမှာပင်
ပွဲသိမ်းပေးခဲ့ပါသည်။ သို့ရာတွင် ၂၀၁၂ ရှေ့သို့ လှမ်းမျှော်ကြည့်
ရှုလျှင်ကား အရာအားလုံးသည် ပြောင်းလဲခဲ့ပြီဖြစ်ပါသည်။

ယခုအချိန်ထိ
Samsung နှင့် LG တို့မှ OLED TV များကို ဈေးနှုန်းမသတ်မှတ်ရသေးသော်လည်း
ကနဦး သတင်းထွက်ပေါ်လာချက်များအရ ခန့်မှန်းခြေ ဒေါ်လာ ၈၀၀၀
ခန့်ရှိမည်ဟုဆိုပါသည်။ သို့သော်လည်း ၂၀၁၃ နှစ်ကုန်လောက်တွင်မူ
တိုးတက်များပြားလာသော OLED ထုတ်လုပ်သူများနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်
လျော့ကျလာမှုများကြောင့် ၎င်း ၅၅လက်မ အရွယ်အစား တယ်လီဗေးရှင်းများကို ဒေါ်လာ
၄၀၀၀ အောက်ဖြင့် ရောင်းချနိုင်ဖွယ်ရှိကြောင်း သုံးသပ်ကြပါသည်။
Samsung
နှင့် LG တို့သည် ၎င်းတို့ လက်ရှိထုတ်လုပ် နေပြီးဖြစ်သော မိုဘိုင်းဖုန်း
Screen များအပြင် အရွယ်အစားကြီးမားသော (တယ်လီဗေးရှင်း စသည်) တို့အတွက် OLED
Screen များ ထုတ်လုပ်သွားရန် အဆင်သင့်ရှိနေပြီဖြစ်ပြီး ထင်ရှားသော Display
Panel ထုတ်လုပ်သူများဖြစ်သော Panasonic, AUO နှင့် တရုတ်နိုင်ငံ အခြေစိုက်
BOE တို့သည်လည်း ၂၀၁၃ တွင် OLED ဈေးကွက်အတွင်းဝင်ရောက်လာတော့မည်
ဖြစ်ပါသည်။ ၎င်း OLED နည်းပညာသုံး Screen များသည် အလွန်ပါးလွှာအောင်
ပြုလုပ်နိုင်ခြင်း၊ အရောင်တိကျပြတ်သားမှုတွင် ပြိုင်ဘက်ကင်းခြင်း၊ Response
Time မြန်ဆန်ခြင်း၊ အနက်ရောင် ဖော်ပြနိုင်စွမ်းတွင် Plasma
ထက်ပင်ပို၍ကောင်းမွန်ခြင်း၊ ပါဝါသုံးစွဲမှု အလွန်သက်သာခြင်း
စသည့်အားသာချက်များမှာ လက်ရှိ အသုံးပြုနေသော နည်းပညာများထက် ဘက်ပေါင်းစုံမှ
သာလွန်ကောင်းမွန် ပြီးဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ချနိုင်၍
ဈေးကွက်အတွင်း ၀င်ရောက်ယှဉ်ပြိုင်ထုတ်လုပ်သူ ပိုမိုများပြားလာပါလျှင်
အနာဂါတ် ရုပ်မြင်သံကြားစက်များ၏ ပြိုင်ဘက်ကင်းသော ပုံဖော်မှုနည်းပညာ
ဖြစ်လာမည်မှာမလွဲမသွေဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment