DSLR
ကင်မရာများသည် ကျယ်ပြန့်လှသည့် Focal Length အတိုင်းအတာ
အမျိုးမျိုးရှိသည့် Lens များတပ်ဆင်အသုံးပြုရာတွင် လိုက်လျောညီထွေ ရှိစေရန်
ပြုလုပ်ထားပြီး ၎င်းသည်ပင် DSLR ကင်မရာများ အား အထူးရေပန်းစားစေသည့်
အဓိကအချက်တစ်ချက်လည်းဖြစ်သည်။ တန်ဖိုးမြင့် DSLR အများစုသည် Live View
ဟုခေါ်သည့် ကင်မရာငယ်လေးများကဲ့သို့ ချိန်ကြည့်ပေါက်မှ ကြည့်ရှုမည့်အစား
LCD မျက်နှာပြင်ကို ကြည့်ရှုကာ ကြိုတင်ချိန်ညှိသည့်
လုပ်ဆောင်ချက်ထည့်သွင်းထားပြီး ၎င်းလုပ်ဆောင်ချက်အတွက် ပင်မ ပုံရိပ်ဖမ်း
Sensor အစား LCD မျက်နှာပြင်တွင်ပြပေးရန် အရံ Sensor
ငယ်တစ်ခုကိုအသုံးပြုထားပါသည်။ ယင်းလုပ်ဆောင်ချက်ကိုအသုံးပြုရာတွင်
အစောပိုင်း ကင်မရာများသည် focus ချိန်ညှိရာတွင် မိမိမျက်စိကိုသာ
အသုံးပြုခဲ့ရသော်လည်း နောက်ပိုင်း မော်ဒယ်များတွင်မူ Contrast auto focus
ကိုအသုံးပြုလာသည်ကို တွေ့ရသည်။
CCD (Charged-Coupled Device) Sensor Types
လက်ရှိအနေအထားတွင်
အသုံးအများဆုံး DSLR Sensor အမျိုးအစားဖြစ်ပြီး အနည်းဆုံး CCD
တစ်ခုကိုအသုံးပြုသည့် Sensor များကိုတပ်ဆင်ထုတ်လုပ်ကြပါသည်။ ယေဘုယျအားဖြင့်
အမြင့်ဆုံး ပုံထွက်အရည်အသွေး ရရှိနိုင်သည့် အမျိုးအစားဖြစ်ပြီး
နောက်ဆုံးထုတ် ယင်းအမျိုးအစား Sensor များတွင် Dynamic Range
ပိုမိုကောင်းမွန်စေရန်နှင့် ပုံရိပ်ဖော်ယူခြင်း လုပ်ငန်းစဉ်
ပိုမိုမြန်ဆန်စေမည့် Chip ဖွဲ့စည်းတည်ဆောက်ပုံ အသစ်ကို
ပြောင်းလဲအသုံးပြုလာကြပါသည်။ သို့ရာတွင် ထုတ်လုပ်မှုကုန်ကျစရိတ်
အမြင့်မားဆုံးနှင့် ပါဝါအသုံးပြုမှု အများဆုံး အမျိုးအစားလဲ ဖြစ်ပါသည်။
CMOS Sensor Types
CCD
Sensor များထက်ပါဝါအသုံးပြုမှု ပို၍သက်သာပြီး Circuit
ပါတ်လမ်းတစ်ခုတည်းတွင် ပုံရိပ်ဖမ်းယူခြင်းနှင့်
ပုံရိပ်ဖော်ယူခြင်းလုပ်ငန်းစဉ်ပါ တစ်ပါတည်းလုပ်ဆောင်နိုင်သည့် CMOS Sensor
များသည် ဈေးနှုန်းအရ သက်သာသော်လည်း ပုံရိပ်အရည်အသွေးတွင်မူ CCD
ထက်လျော့နည်းပါသည်။
Sensor အရွယ်အစားများ
Digital ကင်မရာအတွက်သီးသန့် Lens များ
ဈေးကွက်အတွင်းရှိ
DSLR အများစုသည် APS-C size များဖြစ်ကြသည့် အားလျော်စွာ
ကင်မရာထုတ်လုပ်သူများသည် ထုတ်လုပ်မှုကုန်ကျစရိတ် များစွာလျော့ကျသွားစေသည့်
Digital Only Lens များကိုပါ ကင်မရာများနှင့်အတူ ထုတ်လုပ်လာကြသည်။ ၎င်း Lens
များသည် APS-C sensor များကို ကာဗာဖြစ်ရုံသာ
တွက်ချက်တည်ဆောက်ထားခြင်းကြောင့် ဖလင်ကင်မရာများ (သို့) Sensor Size
ပိုမိုကြီးမားသော Full Frame Sensor Size ကင်မရာများတွင် တပ်ဆင်အသုံးပြုပါက
Vignetting ဟုခေါ်သည့် ဓါတ်ပုံအနားပတ်လည်တွင် အရိပ်မည်းထင်ခြင်း
ဖြစ်ပေါ်စေမည်ဖြစ်သည်။ Canon မှ EF-S Lens, Nikon မှ DX Lens များနှင့် Sony
မှ DT Lens အစရှိသည်တို့မှာ ယင်း Lens မျိုးဖြစ်သည်။ အဆိုပါ Digital Only
Lens မျိုးမဟုတ်သည့် အခြားသော Lens များနှင့် ဖလင်ခေတ်မှ Lens များ ကိုမူ
မည်သည့် Sensor Size ကင်မရာတွင်မဆို သက်ဆိုင်ရာ Mount Type တူပါက
တပ်ဆင်အသုံးပြုနိုင်သည်။ သို့ရာတွင် Focal Length စံများမှာ ၃၅ မီလီမီတာ
အရွယ်အစားပေါ်တွင်သာ မူတည်တွက်ချက်ထားခြင်းဖြစ်ရာ အသုံးပြုသည့် Sensor
အရွယ်အစားအလိုက် Focal Length စံနှုန်း အမှန်ကိုရရှိရန် Focal length
multiplier (သို့) Crop Factor တန်ဖိုးထည့်သွင်း တွက်ချက်ရန်လိုပေသည်။ ဥပမာ
Nikon D7000 ကင်မရာသည် ၃၅မီလီမီတာထက် ၁.၅ဆ ပို၍သေးငယ်သောကြောင့်
၅၀မီလီမီတာ မှန်ဘီလူးကို D7000 ကင်မရာတွင်တပ်ဆင်ပါက စံအားဖြင့် ၇၅မီလီမီတာ
Focal Length ရှိမည်ဖြစ်သည်။
အထက်ပါအချက်များအပြင်
DSLR ၀ယ်ယူရာတွင် မိမိ အသုံးချလိုသည့် နယ်ပယ်အလိုက် ဥပမာ - မင်္ဂလာဆောင်
နှင့် ပွဲလမ်းသဘင်ရိုက်ကူးခြင်း၊ စတူဒီယိုနှင့် အနုစိတ်မွှမ်းခြယ်သမှုကို
ရိုက်ကူးခြင်း၊ သတင်းမှတ်တမ်း ခရီးသွားနှင့်
တောတွင်းတိရိစ္ဆာန်များအားရိုက်ကူးခြင်း စသည် ရွေးချယ်ဝယ်ယူခြင်းက မိမိနှင့်
ပိုမို အစပ်အဟပ်မိသည့် ကင်မရာမျိုး ရရှိနိုင်မည်ဖြစ်ကြောင်း
တင်ပြလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
ကျေးဇူးပါ
ReplyDelete