Laptop ကွန်ပျူတာ အသုံးပြုသူများအကြား ၂၀၁၂ တွင် Hot အဖြစ်ဆုံး အရာတစ်ခုကိုပြပါဆိုလျှင် တွေဝေနေရန်မလိုဘဲ Ultrabook ကွန်ပျူတာများကိုပင် ညွှန်ပြရပေလိမ့်မည်။ Ultrabook ကွန်ပျူတာများသည် On-board Integrated Graphic နှင့် Solid State Hard Drives (SSD) စသည်တို့အသုံးပြုထားပြီး Intel ၏ နောက်ဆုံးထုတ် low-power processors များတပ်ဆင်ထားကာ အလွန်ပါးလွှာသော ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ခံသော Laptop ကွန်ပျူတာ တစ်မျိုးဖြစ်သည်။
Tablet
ကွန်ပျူတာများ တဟုန်ထိုး ရေပန်းစားလာမှုနှင့်အတူ ထိုးကျလာနေသော Personal
Computer ဈေးကွက်ကို ပြန်လည်ထိန်းညှိရန်အတွက် Intel အပါအ၀င် PC ထုတ်လုပ်သူ
အင်အားကြီးအုပ်စုများသည် ငွေကြေး မြောက်များစွာပုံအော၍ Ultrabook
ပရောဂျက်ကို တစ်ညီတစ်ညာတည်း အကောင်အထည်ဖော် တည်ဆောက်ခဲ့ကြသည်။ Ultrabook PC
များ၏ တိုက်ရိုက်ပြိုင်ဘက်မှာ Apple မှ 2008 ခုနှစ်ကတည်းက
စတင်ထုတ်လုပ်နေခဲ့သော Macbook Air ကွန်ပျူတာများ ဖြစ်သော်လည်း
အခြားတစ်ဘက်တွင် Intel Processor သုံး PC များအားလုံး၏
စိန်ခေါ်မှုတစ်ရပ်အဖြစ် ARM Processor များကိုအသုံးပြုကာ တစ်နှစ်ထက်တစ်နှစ်
တိုး၍အောင်ပွဲများဆက်နေသည့် Tablet ကွန်ပျူတာများပင်ဖြစ်သည်။
Laptop
အသုံးပြုသူများ၏ အခက်အခဲများ (သို့မဟုတ်) အတားအဆီးများအဖြစ်
သယ်ဆောင်အသုံးပြုရာတွင် လေးလံကြီးမားခြင်း၊
နေအိမ်ပြင်ပသို့သယ်ဆောင်အသုံးပြုပါက ဘက်ထရီအကန့်အသတ်ကြောင့် စိတ်တိုင်းကျ
အသုံးမပြုနိုင်ခြင်း ထို့ပြင် သေးငယ်ပေါ့ပါးမှုနှင့် စွမ်းဆောင်ရည်တို့သည်
ဆန့်ကျင်စွာ အကျိုးသက်ရောက် နေခြင်း တို့ကို ရှုမြင်ခဲ့ကြသည်။ ထို့ကြောင့်
၂၀၁၁ နှင့် ၂၀၁၂ အစောပိုင်းလများအတွင်း Mobile ကွန်ပျူတာ
အသုံးပြုသူအများစုသည် ထွက်ပေါက်တစ်ခု အဖြစ် Tablet ကွန်ပျူတာများကို
ရွေးချယ် အသုံးပြုခဲ့ကြသည်။ ၂၀၁၁ အောက်တိုဘာတွင် Acer မှ Aspire S3
ကိုဈေးကွက်အတွင်း စတင်ချပြလိုက်ပြီးသည့်နောက်တွင် လူအများစု၏ အာရုံသည်
ယခင်သမားရိုးကျ Laptop ကွန်ပျူတာများနှင့် ဆန့်ကျင်စွာ အလွန်ပါးလွှာ၍
ပုံမှန် Screen အရွယ်အစားများရှိကာ စွမ်းဆောင်ရည် မြင့်မားသော ကွန်ပျူတာ
ပုံစံအသစ်များအပေါ်တွင် ကျရောက် လာတော့သည်။
Ultrabook
ဆိုသော အမည်သည် Intel ကုမ္ပဏီမှ မှတ်ပုံတင်ထားပြီး ၎င်း တို့၏ Software
Hardware နည်းပညာတိုးတက်ဖွံဖြိုးရေးအတွက် ဒေါ်လာသန်း ၃၀၀ ခန့်
ကျခံသုံးစွဲခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ အဆိုအရသိရပါသည်။ ထို့ပြင်၎င်းတို့အဆိုအရ
၂၀၁၂ ကွန်ပျူတာဈေးကွက်၏ ၄၀% ကို Ultrabook
ကွန်ပျူတာများမှရယူနိုင်မည်ဟုဆိုပါသည်။ Ultrabook များသည် Intel
၏နောက်ဆုံးထုတ် Core i3 ,i5 နှင့် i7 Processors များသာအသုံးပြုထားပြီး
ဈေးနှုန်းပေါ်မူတည်၍ အချို့မှာ Solid State Drive သီးသန့်အသုံးပြုထားပြီး
အချို့မှာ Solid State Drive နှင့် သမားရိုးကျ Hard Drives များကို Hybrid
ရောစပ် အသုံးပြုထားသည်လည်းရှိသည်။ Optical Drives ခေါ် CD DVD Rom များ
မပါရှိတော့ဘဲ ဘက်ထရီသက်တမ်းမှာလည်း ၁၀ နာရီအထက် အသုံးပြုနိုင်ကြသည်။ ကနဦး
မော်ဒယ်များသည် Intel ၏ Sandy Bridge Processor series
များကိုအသုံးပြုထားပြီး နောက်ထွက်မည့် မော်ဒယ်များအား series အသစ် Ivy
Bridge Processors များဖြင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍
၂၀၁၂ ခုနှစ်အတွက် နောက်ဆုံးထုတ် Ultrabook အချို့ကို ဖော်ပြလိုက်ပါသည်။
ASUS Zenbook UX31
“သပ်”
ပုံသဏ္ဍန်ရှိပြီး အထူဆုံးနေရာတွင် ၁၇မီလီမီတာသာရှိကာ အပါးဆုံးနေရာတွင်
၃မီလီမီတာသာရှိသော Asus ၏ Ultrabook series UX31 သည် အလူမီနီယံ
ငွေရောင်ဘော်ဒီဖြင့် လှပသေသပ်စွာ ပုံစံထုတ်ပြုလုပ်ထားပြီး Intel ၏
Ultrabook အဖြစ် အသိအမှတ်ပြုသော ပထမဆုံး အသုတ်တွင်ပါဝင်ပါသည်။ Apple ၏
Macbook Air နှင့် ပုံသဏ္ဍန်ခြင်း ဆင်တူပြီး Windows Platform တွင် ပထမဆုံး
စွမ်းရည်မြင့် အပါးလွှာဆုံး Laptop များတွင်အပါအ၀င်ဖြစ်သည်။
Samsung Series 9 Ultrabook
Samsung
၏ Series 9 Laptop များသည် ကမ္ဘာ့ အပါးလွှာဆုံးစာရင်းဝင်ဖြစ်ပြီး ယခု Series
9 Ultrabook သည် ထို့ထက်ပင်ပို၍ပါးလွှာသည်။ 1.7 GHz Core i7 နှင့် RAM 8 GB
သည် ရှုပ်ထွေးသော အလုပ်များကို နိုင်နင်းစွာ ပြုလုပ်နိုင်ပြီး Solid State
Drive ကိုအသုံးပြုထားသည်။ အထူဆုံးနေရာတွင် ၁၂.၉ မီလီမီတာရှိသည်။
HP Folio 13
ခါးလည်တွင်
၁၇မီလီမီတာခန့်ရှိသော HP folio 13 သည် Ultrabook များအကြား
အနည်းငယ်ထူသယောင် ရှိသော်လည်း HP မှ ဆက်တိုက် အလုပ်လုပ်ချိန် ၉
နာရီခန့်အသုံးပြုနိုင်ကြောင်း အာမခံထားသဖြင့် HP ပရိတ်သတ်များအတွက်
ပေါ့ပေါ့ပါးပါး စွမ်းရည်မြင့်မြင့် အသုံးပြုနိုင်ဖွယ်ရှိပါသည်။
Toshiba Satellite Z830
အပေါ့ပါးဆုံး
နှင့် စွမ်းရည်အမြင့်မားဆုံး Ultrabook များထဲတွင် တစ်လုံးအပါအ၀င်ဖြစ်သော
Toshiba Satellite Z830 သည် အထူဆုံး ၁၆ မီလီမီတာသာ ရှိပြီး ခရီးသွားရင်း
ကြာရှည်စွာ စွမ်းရည်ပြည့် အသုံးပြုလိုသူများအတွက်
စိတ်ကြိုက်တွေ့စေမည်ဖြစ်ကာ ပေါင် ၁၀၀၀ အောက်ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း
သိရသည်။
Acer Aspire S3
PC
ဈေးကွက်ကို တစ်မျိုးတစ်ဖုံ ဆန်းသစ်စေခဲ့သော ကနဦးမော်ဒယ်ဖြစ်ကာ core i3,
i5, i7 သုံးမျိုးစလုံး ရွေးချယ်နိုင်ပါသည်။ HDD အတွက်လည်း သမားရိုးကျ Hard
drives များအသုံးပြုသော မော်ဒယ်များနှင့် SSD အသုံးပြုသော မော်ဒယ်များပါ
ရွေးချယ်နိုင်ပါသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment