ယမန်နေ့က
ကျင်းပပြုလုပ်သည့် Google ၏ နှစ်ပါတ်လည် I/O Conferance တွင် Nexus 7
ဟုအမည်ပေးထားသည့် Tablet အသစ်တစ်မျိုးကို မိတ်ဆက်ပြသလိုက်ခြင်းဖြင့်
ယှဉ်ပြိုင်မှု ပြင်းထန်လှသည့် Tablet ဈေးကွက်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။
နာမည်ကျော် Electronic ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးသည့်
ကုမ္ပဏီတစ်ခုဖြစ်သည့် ASUS နှင့် ပူးပေါင်းထုတ်လုပ်သည့် အဆိုပါ Tablet ၏
မျက်နှာပြင် အရွယ်အစားမှာ ခုနှစ်လက်မဖြစ်ပြီး ပြတ်သားမှုမှာ 1280x800
(Resolution ) ရှိသည်။ Nvidia Tegra 3 Quad-Core (1.3 Ghz)
ကိုအသုံးပြုထားသည့် ပထမဆုံး ခုနှစ်လက်မ Tablet ဖြစ်ကာ 12 Core Graphic GPU
ကိုအသုံးပြုထားသည်။ အခြား အချက်အလက် အချို့နှင့် ပါဝင်သည့် Connection Port
များအနေနှင့် Micro USB ပေါက်တစ်ခု၊ RAM 1GB မျက်နှာပြင်ဘက်တွင် 1.2
Megapixel Camera (နောက်ကျောဘက်တွင် ကင်မရာ မပါရှိပေ) Gyroscope,
Accelerometer, Microphone နှင့် 802.11a/b/g/n-compatible Wi-Fi
ချိတ်ဆက်နိုင်မှု တို့ဖြစ်သည်။
10.45
mm အထူရှိပြီး 340g အလေးချိန် ရှိကာ နောက်ကျောဘက်ကာဗာတွင် NEXUS နှင့်
ASUS စာလုံးတို့ကို ထွင်းစာလုံး ဒီဇိုင်းဖြင့် ပြုလုပ်ထားသည်။ ASUS ၏
မြင့်မားသော နည်းပညာနှင့် တိကျသေသပ်စွာ တည်ဆောက်ထားသည့် ဘော်ဒီသည်
ကိုင်တွယ်အသုံးပြုရာတွင် မြဲမြံမှုနှင့် အဆင်ပြေလွယ်ကူမှုတို့ ရှိရုံသာမက
IPS Screen နည်းပညာကလည်း Amazon Kidle Fire အပါအ၀င် အခြားသော Android
Tablet အများစုထက် View Angle နှင့် ကာလာအရည်အသွေး တို့တွင်
သာလွန်ကောင်းမွန်သည်။
ကိုငယ် (မန္တလေး)
ကိုးကား - Cnet Reviews, Techradar, PC World
No comments:
Post a Comment