လုပ်ငန်းစဉ်များ၏ နောက်တွင် မြောက်များလှစွာသော ကျေးရွာများတွင်
နေထိုင်သည့် သန်း ၄၀၀ ခန့်သော ကျေးလက်နေပြည်သူတို့မှာ လျှပ်စစ်မီး မရရှိဘဲ
အချို့သော ကျေးရွာများရှိ လူများမှာ လျှပ်စစ်မီးကို
လုံးဝမမြင်ဘူးကြသည်ပင်ရှိကြသည်။ အဆိုပါ ကျေးရွာများတွင် ညအခါ
အလင်းရောင်ရရှိရန် ရေနံဆီ မီးခွက်များကိုသာ အားကိုးထွန်းညှိကြရပြီး
ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ၎င်းရေနံဆီမီးခွက်များမှ မီးလောင်
ထွက်ရှိသော မီးခိုးငွေ့များကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ကလေးငယ်များ
မတော်တဆ ရေနံဆီကို မှားယွင်းသောက်သုံးမိခြင်း
စသည့် ကျန်းမာရေးပြသနာများအပြင် မီးဘေးအန္တရာယ် နှင့် ကျောင်းသားအရွယ်
ကလေးငယ်များ ညအချိန် စာကြည့်ရန် ခက်ခဲမှုများ စသည့်
အခက်အခဲများလည်းရှိကြသည်။
အမေရိကန်နိုင်ငံဖွား
Nikhil Jaisinghani နှင့် Brian Shaad ဆိုသူ စွန့်ဦးတီထွင်သူ နှစ်ဦးသည်
အဆိုပါကျေးလက်နေ အိန္ဒိယပြည်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းရန် အသေးစား
နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ထုတ်သည့် ဆက်ကြောင်းတစ်ခုကို
အိန္ဒိယမြောက်ပိုင်းရှိ Uttar Pradesh ပြည်နယ် ကျေးရွာတစ်ခုတွင် စတင်
စမ်းသပ်တပ်ဆင်ခဲ့ကြသည်။ ကနဦးက အလင်းရောင်ရရှိရန်ကိုသာ ရည်ရွယ်၍ LED
မီးလုံးများကိုသာ တပ်ဆင်ပေးခဲ့ကြသော်လည်း နောက်တွင် ရွာသားတို့၏
မိုဘိုင်းဖုန်းများ အားသွင်းရန်လည်း လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း သိရှိလာ၍
အိမ်များတွင် LED မီးလုံးများအပြင် ဖုန်းအားသွင်းရန် ပလပ်တစ်ခုကိုပါ
ထပ်မံထည့်သွင်းခဲ့ကြသည်။
၎င်းတို့၏
အဖွဲ့အစည်းကို Mera Gao Power ဟု အမည်ပေးထားပြီး ကျေးရွာများကို
အနည်းငယ်မျှသော ကနဦးတပ်ဆင်ခ နှင့် ရက်သတ္တပါတ်လျှင် ၂၅ ရူပီး (၃၈၀
ကျပ်ခန့်) ဖြင့် တစ်အိမ်လျှင် LED မီးလုံး ၂လုံး မိုဘိုင်းဖုန်းအားသွင်းရန်
စံနစ်သည် အလွန်ရိုးရှင်းပြီး System တစ်ခုတွင် ကျေးရွာရှိ အိမ်ခြေပေါ်မူတည်၍
Solar Panel ၂ပြားမှ ၄ပြား
ရက်သတ္တပါတ်လျှင်
ရေနံဆီဖိုးနှင့် တယ်လီဖုန်း အားသွင်းခအတွက် ရူပီး ၃၀ ခန့် ပျမ်းမျှ
ပုံမှန် သုံးစွဲနေရသော ကျေးလက်နေပြည်သူများအဖို့ ၎င်းတို့၏ စံနစ် ၀န်ဆောင်ခ
၂၅ရူပီး ပေးဆောင်ရခြင်းသည် ငွေပမာဏအနေဖြင့် ထူးခြားသော ပြောင်းလဲမှုဟု
မဆိုနိုင်သော်လည်း ၎င်းတို့၏ LED လျှပ်စစ်မီးကြောင့် အထက်တွင် ဖော်ပြခဲ့သော
ကျန်းမာရေး ဆိုင်ရာ ပြဿနာများ များစွာ လျော့ကျသွားသည့်အပြင် အိမ်ရှင်မ
များနှင့် အချို့သော အိမ်သားများ ညဘက် အလုပ်လုပ်ခြင်းဖြင့်
အပိုဝင်ငွေရရှိလာခြင်း၊ ကျောင်းနေအရွယ် ကလေးငယ်များ စာဖတ်
စာကြည့်နိုင်လာခြင်း တို့အပြင် အခြားသော ပြင်ပ ကမ္ဘာမှ လူသားများနည်းတူ မိမိ
တို့တယ်လီဖုန်းကို မိမိအိမ်တွင်ပင် အားသွင်းနိုင်လာခြင်း စသည့်
ကောင်းမွန်သော ပြောင်းလဲခြင်း ရလာဒ်များစွာ ရရှိလာကြသည်။
ယနေ့အချိန်တွင်
Mera Gao Power အနေဖြင့် ကျေးရွာပေါင်း ၁၃ရွာတွင် နေရောင်ခြည်စွမ်းအင်သုံး
လျှပ်စစ်ထုတ်ယူဖြန့်ဖြူးသည့်စံနစ်များ တပ်ဆင်ခဲ့ပြီး ဖြစ်သည့်အပြင် အဆိုပါ
ဝန်ဆောင်မှု ရရှိသည့် ကျေးရွာသား များမှာလည်း များစွာ ကျေနပ်
ပျော်ရွှင်လျက်ရှိကြသည်။ ထို့ပြင် ကုမ္ပဏီ၏ ၀န်ဆောင်မှုနှင့်
အကျိုးအမြတ်သည်လည်း ထိုက်သင့်သလောက် ရည်မှန်းချက်ပြည့်မှီလာခဲ့ပြီဖြစ်သည်။
လာမည့်နှစ်တွင် အတွေ့အကြုံပိုမိုပြည့်ဝသည့် CEO တစ်ဦး ခေါ်ယူခန့်ထားရန်
စီစဉ်ထားပြီး နောင်တွင် ကျေးရွာများ တိုးချဲ့တပ်ဆင်ခြင်းအပြင်
ဝန်ဆောင်မှုကိုလည်း တီဗွီနှင့် ပန်ကာကဲ့သို့ သော ပစ္စည်းများ
သုံးစွဲလာနိုင်ရန်အထိ တိုးချဲ့သွားရန် ရည်ရွယ်ထားသည်ဟု ပြောပြခဲ့ပါကြောင်း
တင်ပြလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment