ကမ္ဘာပေါ်တွင်
အကြီးဆုံး Software ကုမ္ပဏီကြီးဖြစ်သည့် Microsoft မှ
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုတွင် ကျင်းပခဲ့သည့်
ပြပွဲတစ်ခုတွင် ၎င်းတို့၏ ခြေလှမ်းသစ်တစ်ရပ်ဖြစ်သည့် Surface ဟု အမည်ပေးထားသော
Tablet များကို ပွဲထုတ်ပြသခဲ့သည်။ အဆိုပါ Tablet များတွင် Microsoft ၏ OS
အသစ်ဖြစ်သည့် Windows 8 ကိုအသုံးပြုထားသော Surface Pro Version နှင့်
အခြားသော ARM Processor အသုံးပြု Tablet များအတွက်ပါ ရည်ရွယ်
ထုတ်လုပ်ထားသည့် Windows RT ကိုအသုံးပြုထားသည့် Version ဟူ၍
နှစ်မျိုးခွဲခြားထားသည်။ လက်ရှိ Tablet လောကကို Apple ၏ Ipad
တစ်မျိုးတည်းကသာ ကြီးစိုးထားရာ Microsoft ကဲ့သို့ အရှိန်အ၀ါကြီးမားသော
ယှဉ်ပြိုင်ဘက် တစ်ဦးဝင်ရောက်လာခြင်းက ပြိုင်ဆိုင်မှု အရှိန်အဟုန်
ပိုမိုအားကောင်းလာစေမည်ဖြစ်သည်။
မော်ဒယ် နှစ်မျိုးအနက် Windows 8 ကိုအသုံးပြုထားသည့် အမျိုးအစားသည် Intel ၏
တတိယမျိုးဆက် Ivy Bridge Processor ကိုအသုံးပြုထားပြီး အနည်းငယ်ပို၍ထူသည်။
Storage အနေဖြင့် 64GB သို့မဟုတ် 128 SSD ကိုအသုံးပြုထားကာ အချက်အလက်များ
အရ Ultrabook ကွန်ပျူတာများနှင့် အနည်းငယ် ဆင်သယောင်ဖြစ်သည်။
ဒုတိယတစ်မျိုးဖြစ်သည့် Windows RT ကိုအသုံးပြုမည့် အမျိုးအစားသည် Nvidia
ARM-based Processor ကိုအသုံးပြုထားကာ 32GB နှင့် 64GB Internal Storage
Type ဖြင့် ထုတ်လုပ်မည်ဖြစ်သည်။ Windows 8 version ၏မျက်နှာပြင်မှာ Full HD
ကိုပြသပေးနိုင်မည်ဟုဆိုကာ Windows RT အမျိုးအစားမှာမူ HD Screen
ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ကြေငြာခြင်း
မပြုသေးပေ။ Screen Size မှာမူ နှစ်မျိုးစလုံး 10.6 inch အရွယ်အစားဖြစ်သည်။
ကိုယ်ထည်ကို
Magnesium Alloy သတ္တုစပ်ဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင်ကို
သာမာန်ဆေးမှုတ်ထားခြင်းမျိုး မဟုတ်ဘဲ Vapour Deposition ဟုခေါ်သော
နည်းစံနစ်ဖြင့် သိပ္ပံနည်းကျ ဓါတ်ပြုဖုံးအုပ်ထားကာ ပိုမို
အကြမ်းခံနိုင်စေပြီး တန်ဖိုးအားဖြင့် မြင့်တက်စေသည်။ “တော်တော်လေးပါးပြီးပေါ့ပါတယ်..
ပြီးတော့ကိုင်ရတာ သက်တောင့်သက်သာရှိတယ်..ကြည့်ရတာကို
ထိတွေ့အသုံးပြုချင်စရာပါပဲ.. ပြီးတော့ ကီးဘုတ်ပါ တစ်ခါတည်းပါတဲ့ ကာဗာလေးကို
တွဲပြီးသုံးလို့ရတယ်...ဘယ် Tablet မှာမှ မတွေ့ဘူးသေးတဲ့ Idea ပါပဲ “ ဟု ကိုယ်တိုင် စမ်းသပ်ကြည့်ခဲ့သူ တစ်ဦးမှဆိုသည်။
ရှေ့ဘက်မျက်နှာပြင်ပေါ်ရှိ
Windows Logo မှာ အပြသက်သက် မဟုတ်ဘဲ ခလုတ်တစ်ခုဖြစ်ကာ နှိပ်လိုက်လျှင်
ပင်မ စာမျက်နှာသို့ ရောက်ရှိမည်ဖြစ်သည်။ ထို့ပြင် ဘေးမျက်နှာပြင် အနားသား
တစ်ခုလုံးသည်လည်း ထိတွေ့မှုကို အာရုဏ်ခံနိုင်ကာ ပွတ်သပ်လိုက်လျှင်လည်း
ပွတ်သပ်သည့် ပုံသဏ္ဍန်ပေါ်မူတည်၍ အစ စာမျက်နှာ Start Screen (သို့မဟုတ်)
application bar စသည်ဖြင့် ပွင့်လာမည်ဖြစ်သည်။ Microsoft သည် ၎င်း၏ Surface
Tablet တွင် ပါသင့်သည့် Connection Port များ
ပါဝင်အောင်တပ်ဆင်ထားသည်ကိုတွေ့ရသည်။ အောက်ဘက်တွင် Magnetic Keyboard
Connector, အပေါ်ဘက်တွင် ပါဝါခလုတ်တပ်ဆင်ထားသည်။ ဘေးဘက်တွင်မူ
တစ်ဘက်တစ်ချက်၌ Speaker တစ်လုံးစီ Dual Microphone ,Micro SD card slot,
USB 3.0 (RT Version တွင်မူ USB 2.0) Port, Mini Display Port (RT Version
တွင်မူ Micro HDMI) နှင့် Magnetic Power Connector တို့ပါရှိသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment