Translated from and photos credited to:www.dpreview.com
ကင်နွန်၏
Rebel စီးရီး ၀ါသနာရှင် အဆင့်သုံး ဖလင် နှင့် ဒစ်ဂျစ်တယ် SLR
ကင်မရာများသည် ဆက်တိုက် အောင်မြင်မှု များရရှိလာခဲ့သည်မှာ ဆယ်စုနှစ်
၂ခုပင်ရှိခဲ့ပြီဖြစ်သည်။ ဖြတ်သန်းခဲ့သော တစ်လျောက်လုံးတွင် အဆိုပါ
ခပ်ငယ်ငယ် အရွယ်အစားရှိသော SLR ကင်မရာများသည် နည်းပညာပိုင်းအရ များစွာ
ပြောင်းလဲတိုးတက် လာခဲ့သည့်နည်းတူ ခေတ်နှင့်လျော်ညီစွာ နည်းပညာပိုင်းအရ
ဦးဆောင်သူ ဖြစ်စေရန် နှင့် ယခင်မော်ဒယ်များထက် အမြဲထူးခြား ဆန်းသစ်စေရန်
များစွာ ကြိုးစားအားထုတ်ခဲ့ရသည်ကိုလည်း တွေ့ရသည်။ EOS 650D (သို့မဟုတ်)
Rebel T4i ကို ၎င်း၏ ရှေ့တွင်ထွက်ရှိထားသည့် EOS 600D (Rebel T3i) နှင့်
ဘေးချင်းယှဉ်လျက် နှိုင်းယှဉ် ကြည့်ရှုသည့်အခါ ပုံသဏ္ဍန်အားဖြင့်
များစွာခြားနားခြင်း မရှိလှသော်လည်း အနည်းငယ်ပို၍ နှိုက်နှိုက်ချွတ်ချွတ်
လေ့လာကြည့်သည့်အခါ စိတ်ဝင်စားဖွယ် ကွဲပြားခြားနားချက်
ထူးခြားဆန်းသစ်ချက်များကို တွေ့လာရသည်။
ရှေးဦးစွာ
အဓိက အချက်အလက်များ အနေဖြင့် 18 Megapixels CMOS Sensor, 9 Point AF
Sensor, 3:2 flip out ပြုလုပ်နိုင်သည့် 1.04M dot LCD Screen တို့သည် 600D
နှင့် သာမာန်အားဖြင့်ဖြစ်သည်။ သို့ရာတွင် နောက်ကွယ်တွင် ၎င်းတို့
တစ်ခုချင်းစီအလိုက် အနုစိတ်တိုးတက် ဆန်းသစ်ပြောင်းလဲမှုများ ရှိနေပေသည်။
ထိုပြောင်းလဲမှုများက EOS 650D ကင်မရာ ကိုစိတ်ဝင်တစား ရှိလာစေသကဲ့သို့
Canon ၏ အနာဂါတ် ကင်မရာနည်းပညာများအတွက် စာမျက်နှာသစ်တစ်ရပ်လည်း ဖြစ်သည်။
DSLR
ကင်မရာထုတ်လုပ်သူ အများစု ရင်ဆိုင်နေရသော အခက်အခဲတစ်ခုမှာ စမတ်ဖုန်း
(သို့မဟုတ်) Point and Shoot ကင်မရာငယ်လေးများမှ ပြောင်းလဲ
အသုံးပြုလာသူများမှာ ၎င်းတို့ နေသားကျနေသည့်အတိုင်း Viewfinder
ချိန်ကြည့်ပေါက်မှတစ်ဆင့် ကြည့်ရှု ရိုက်ကူးရသည်ထက် LCD Screen
ကိုကြည့်ရှု၍ ရိုက်ကူးခြင်းကို ပိုအားသန်ကြသည်။ ထို့ပြင်
ဓါတ်ပုံများရိုက်ကူးခြင်းအပြင် ဗီဒီယိုများရိုက်ကူးခြင်းကလည်း ၎င်းတို့ အတွက်
လိုအပ်ချက်တစ်ခု ဖြစ်နေသေးသည်။ သမားရိုးကျ DSLR များသည် အဆိုပါ
လိုအပ်ချက်များကို လိုက်မှီနိုင်ရန် အခက်အခဲများရှိနေသည်။ ဥပမာ Live View
ဖြင့်ကြည့်ရှုရိုက်ကူးနေစဉ် Focus ဖြတ်ရာတွင် ချောမွေ့မှုမရှိခြင်း ၊
မျက်စိဖြင့် တစ်တန်းတည်း Level ၌ ရိုက်ကူးစဉ် Focus ဖြတ်ရာ၌ အဆင်တစ်ပြေ
မရှိလှခြင်း တို့မှာ သိသာထင်ရှားသည်။
အဆိုပါအချက်များကြောင့်
ဝါသနာရှင်အဆင့် DSLR များသည် ပိုမိုကျစ်လျစ်ကာ
ဗီဒီယိုစွမ်းဆောင်ရည်များတွင် သာလွန်ကောင်းမွန်သော Compact
ကင်မရာငယ်လေးများနှင့် ပိုမို နီးနီးစပ်စပ် လုပ်ဆောင်ချက်များ ဆင်တူသော
Mirrorless Interchangable Lens ကင်မရာများ နှင့် Sony မှ DSLR ပုံစံ
Electronic Viewfinder ဖြင့် SLT စီးရီးကဲ့သို့သော ကင်မရာများ၏ ဈေးကွက်
ခြိမ်းခြောက်မှုကို အမြဲရင်ဆိုင်နေရသည်။ အဆိုပါ ကင်မရာ နှစ်မျိုးစလုံးသည်
ယခုအခါ ရေပန်းစားလာသည့် Compact ကင်မရာငယ်တိုင်းလိုလို အသုံးပြုနေကြသည့်
Face Detection Autofocus ကဲ့သို့သော လုပ်ဆောင်ချက်များကိုလည်း
ပြုလုပ်နိုင်သည်။
EOS
650D ကို ၎င်း စိန်ခေါ်မှုများအား ကျော်လွှားရန်အတွက် Live View နှင့်
ဗီဒီယိုရိုက်ကူးခြင်း စွမ်းဆောင်ရည်များတွင် များစွာ
တိုးတက်ကောင်းမွန်စေရန် ပြုလုပ်ထားသည်။ ပထမဆုံး အနေဖြင့် ၎င်းသည်
ဗီဒီယိုရိုက်ကူးစဉ် ရွေ့လျားနေသည့် အရာဝထ္ထုများအား တောက်လျောက် Focus
ဖြတ်ပေးနိုင်သည့် Continuous Tracking Focus ပြုလုပ်နိုင်သည့် Canon ၏
ပထမဆုံး DSLR ဖြစ်လာသည်။ ထို့ပြင် Phase Detection Autofocus အတွက်
Dedicated Pixels (သီးသန့်လုပ်ဆောင်ချက်ရှိသည့် Pixels များ) ပါဝင်သည့်
Hybrid CMOS Sensor ကိုအသုံးပြုလာသည်။ Hybrid Autofocus System သည် အဆိုပါ
Sensor ကိုအသုံးပြု၍ Focus အကွာဝေးကို တွက်ချက်ကာ Lens ကို ဦးစွာ
နေရာချလိုက်ပြီး တစ်ဖန် Contrast Detection Acutofocus ကိုအသုံးပြု၍
အသေးစိတ်ပြန်ညှိယူခြင်းဖြင့် Live View အသုံးပြုရိုက်ကူးစဉ်နှင့်
ဗီဒီယိုရိုက်ကူးစဉ် Focus ဖြတ်ရာ၌ CDAF (Contrast Detection Autofocus)
တစ်မျိုးထဲသာ အသုံးပြုထားသော ယခင်မော်ဒယ် DSLR များထက် ပိုမိုလျှင်မြန်ကာ
ပိုမိုတိကျလာသည်။
EOS
650D သည် DSLR ကင်မရာများအားလုံးတွင် Touch Screen ကိုအသုံးပြုထားသည့်
ပထမဆုံး DSLR လည်းဖြစ်သည်။ Smart Phone များကဲ့သို့ပင် Capacitative Type
touch Screen အမျိုးအစားဖြစ်ကာ တို့ထိရုံဖြင့် အသုံးပြုနိုင်ပြီး iPhone
ကဲ့သို့ပင် Multi Touch Gesture ဖြစ်ကာ လက်နှစ်ချောင်းဖြင့် ချဲ့ကားကာ Zoom
ချဲ့ကြည့်ခြင်း ဘေးတိုက်ပွတ်ဆွဲ၍ ရိုက်ကူးပြီးပုံများကို
ပြန်လှန်ကြည့်ရှုနိုင်ခြင်း စသည်လုပ်ဆောင်နိုင်သည်။ ထို့ပြင် Live View
နှင့် ဗီဒီယိုရိုက်ကူးနေစဉ်တို့တွင် Screen ကို တို့ထိရုံဖြင့် လိုချင်သည့်
နေရာကို Focus ဖြတ်ပေးနိုင်ခြင်း Shutter Release
ပြုလုပ်နိုင်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ DSLR သမားများ
အသုံးများသည့် On Screen Q-Menu အပါအ၀င် Menu စံနစ်တစ်ခုလုံးကို touch
screen ဖြင့် တို့ထိ လုပ်ဆောင်နိုင်ပြီး မူလ ရှိရင်းစွဲ Dial Wheel
များနှင့် ခလုတ်များလည်း ပါရှိသည်။ Touch Screen စံနစ်တစ်ခုလုံးကို
အသုံးမပြုလိုပါက ပိတ်ထားနိုင်သည့် Option ပါဝင်ပြီး ယခင်
ရှေးရိုးအတိုင်းလည်း အသုံးပြုနိုင်သည်။
Canon
၏ နောက်ဆုံးထုတ် Digic 5 Processor ကိုအသုံးပြုထားပြီး ၎င်း၏ မြင့်မားသော
တွက်ချက်မှု စွမ်းရည်ကြောင့် ISO 100 မှ 128000 နှင့် Boost
လုပ်ရိုက်ကူးပါက 25600 ထိမြှင့်တင် ရိုက်ကူးနိုင်သည်။ ထို့ပြင် JPEG ဖြင့်
ရိုက်ကူးသောအခါ ပိုမိုကြည်လင် ပြတ်သားသော ပုံများရရှိစေရန် Chromatic
Aberration ဟုခေါ်သည့် ရုပ်ပုံများ၏ အနားစွန်းများတွင် အရောင်များ မသေသပ်မှု
ဖြစ်ပေါ်ခြင်း ကိုတွက်ချက် ဖယ်ရှားပေးသည့် လုပ်ဆောင်ချက်ပါရှိလာသည်။ View
finder ဖြင့်ရိုက်ကူးသည့် Eye-Level Shooting တွင် EOS 60D တွင်
အသုံးပြုထားသည့် All cross type 9 point Autofocus ကိုအသုံးပြုထားပြီး
Center Point မှာ fast lens များအတွက် ပိုမိုတိကျမှုရှိအောင်
ပြုလုပ်ထားသည်။ နောက်ဘက်မှ LCD Screen ကိုလည်း ပိုမိုကောင်းမွန်အောင်
ပြုလုပ်ထားကာ တောက်ပသော နေရောင်အောက်တွင်ပင် ကြည်လင်ထင်ရှားစွာ
မြင်နိုင်စေရန် LCD နှင့် Cover Glass ကြားတွင် Air-Gap မထားရှိတော့ပေ။
ထို့ပြင် ၎င်း၏ Touch Screen လုပ်ဆောင်ချက်အသစ်ကြောင့် ဖြစ်လာနိုင်သည့်
ဆိုးကျိုးများကာကွယ်ရန် ညစ်ပေမှုဒဏ်ခံနိုင်သည့် Coating ဖြင့်
ဖုံးအုပ်ထားသည်။
EOS
650D တွင် ဗီဒီယိုရိုက်ကူးစဉ် အသံဖမ်းယူရန်အတွက် Built-in Stereo
Microphone ပါရှိလာသည်။ ထို့ပြင် ဗီဒီယို ရိုက်ကူးရာတွင်
ပိုမိုလျှင်မြန်လွယ်ကူစေရန်အတွက် Power အဖွင့်/အပိတ်ခလုတ် နှင့်တွဲကာ
ခလုတ်ကို အပေါ်ဘက်သို့ တွန်းရွှေ့လိုက်ရုံဖြင့် ဗီဒီယို Mode
သို့ပြောင်းလဲနိုင်အောင် ပြုလုပ်ထားသည်။ ၎င်းမှာ
ယခင်
600D နှင့် 60D တို့၌ တွေ့ရသည့် ဗီဒီယို Mode သို့ပြောင်းလဲရန် Mode Dial
ကို လှည့်ကာ ပြောင်းလဲရခြင်းကြောင့် ဓါတ်ပုံရိုက်ကူးခြင်းနှင့်
ဗီဒီယိုရိုက်ကူးခြင်း တို့အကြား ရွှေ့ပြောင်းရာတွင် များစွာ
ခက်ခဲကြန့်ကြာနေရသည့် ပြသနာကို ပြေလည်သွားစေသည်။
Canon
၏လုပ်ရိုးလုပ်စဉ် အတိုင်းပင် ၎င်း EOS 650D သည် ယခင် မော်ဒယ် EOS 600D ကို
တိုက်ရိုက်အစားထိုးပစ်ခြင်း မပြုလုပ်ပဲ ဒုတိယ အဆင့် Line-up
အဆင့်သာလျော့ချသွားမည် ဖြစ်ကာ လက်ရှိ Line-up ထဲမှ EOS 550D (T2i) ကိုမူ
ဆက်လက်ထုတ်လုပ်ခြင်း မပြုတော့ပဲ ရပ်ဆိုင်းလိုက်မည်ဖြစ်သည်။ အောက်တွင် Key
Features အချို့ကိုဖော်ပြထားပါသည်။
Canon EOS 650D / Rebel T4i key features
Max resolution
|
5184 x 3456
|
Image ratio w:h
|
1:1, 4:3, 3:2, 16:9
|
Effective pixels
|
18.0 megapixels
|
Sensor photo detectors
|
18.5 megapixels
|
Sensor size
|
APS-C (22.3 x 14.9 mm)
|
Sensor type
|
CMOS
|
Processor
|
Digic 5
|
Color space
|
sRGB,Adobe RGB
|
ISO
|
Auto, 100, 200, 400, 800, 1600, 3200, 6400, 12800 (25600 with boost)
|
Uncompressed format
|
RAW
|
JPEG quality levels
|
Fine, Normal
|
File format
|
|
Autofocus
|
|
Manual focus
|
Yes
|
Number of focus points
|
9
|
Lens mount
|
Canon EF/EF-S mount
|
Focal length multiplier
|
1.6×
|
Articulated LCD
|
Fully articulated
|
Screen size
|
3"
|
Screen dots
|
1,040,000
|
Touch screen
|
Yes
|
Screen type
|
Clear View II TFT LCD
|
Live view
|
Yes
|
Viewfinder type
|
Optical (pentamirror)
|
Viewfinder coverage
|
95 %
|
Viewfinder magnification
|
0.85×
|
Minimum shutter speed
|
30 sec
|
Maximum shutter speed
|
1/4000 sec
|
Exposure modes
|
|
Flash modes
|
Auto, On, Off, Red-eye
|
Flash X sync speed
|
1/200 sec
|
Drive modes
|
|
Continuous drive |
Yes (5 fps)
|
Self-timer
|
Yes (2s, 10s+remote, 10s + continuous shots 2-10))
|
Metering modes
|
|
Exposure compensation |
±5 EV (at 1/3 EV, 1/2 EV steps)
|
AE Bracketing
|
±2 (3 frames at 1/3 EV, 1/2 EV steps)
|
WB Bracketing
|
Yes (3 frames in either blue/amber or magenta/green axis)
|
Videography features
| |
Format
|
|
Microphone |
Stereo
|
Speaker
|
Mono
|
Resolutions
|
1920 x 1080 (30, 25, 24 fps), 1280 x 720 (60, 50 fps), 640 x 480 (60, 50 fps)
|
Storage types
|
SD/SDHC/SDXC
|
ကိုငယ် (မန္တလေး)
ကျေးဇူးတင်ပါတယ် အခုလို တင်ရှင်းလင်းတင်ပြသည့်အတွက်
ReplyDelete.................................
အသုံးပြု လမ်းညွန်ကို လည်း သိချင်ပါတယ် ဖြစ်နိုင်ရင် email နှင့်ပို့ ပေးနိုင်ရင်ပေါ့
အီးမေးနဲ့ပို့ရင်တယောက်ဘဲသိနိုင်တဲ့အတွက် ဖြစ်နိုင်ရင် ပို့စ်ပေါ်တင်ပေးစေချင်တယ်၊အများလေ့လါအသုံးပြုလို့ရတါပေါ့၊
ReplyDelete