ယခုဆိုလျှင်
ကမ္ဘာတ၀ှမ်း အင်တာနက် Blog စာမျက်နှာပေါင်း ၁၅၆ သန်းကျော်နှင့် နေ့စဉ် Blog
စာမျက်နှာပေါင်း သောင်းချီ၍ တိုးပွားနေလျက်ရှိသည်။ အချို့မှာ ကဗျာ
စာပေများအကြောင်း အချို့မှာ နိုင်ငံရေး လူမှုဆက်ဆံရေး ကျန်းမာရေးများ
အကြောင်း နည်းပညာနှင့် အသိပညာများအကြောင်း စသည်တို့နှင့် အခြားသော
ကိုယ်ရေးကိုယ်တာ Blog များစွာတို့ ဖြစ်ကြသော်လည်း စီးပွားရေးဆိုင်ရာ
ကြော်ငြာ လုပ်ငန်းများ လုပ်ကိုင်ကာ တိုးတက်ကြီးပွားလျက်ရှိသည့်
လုပ်ငန်းကြီးများ၏ Blog များစွာကိုလည်း တွေ့နိုင်မည်ဖြစ်သည်။ Blog
ပြုစုရေးသားခြင်းနှင့် အစဉ် ဆန်းသစ်အောင် ထိန်းသိမ်း ပြုပြင်ပေးခြင်းသည်
ကုမ္ပဏီတစ်ခု၏ အွန်လိုင်း ဈေးကွက် မဟာဗျူဟာကို အောင်မြင်ရန် များစွာ
အထောက်အပံ့ပြုနိုင်သည်။ Blog တစ်ခုကြောင့် သင်၏ Customer များမှ
သင့်ကိုရှာဖွေရ လွယ်ကူစေပါသည်။ သင်၏ အင်တာနက် စာမျက်နှာသို့
လာရောက်ကြည့်ရှုသူ ပိုမိုများပြားလာစေပါသည်။ ထို့ပြင် Blog Post
များပိုမိုရေးသားလေ သင်၏လုပ်ငန်းနှင့် ဆက်စပ်သည့် စကားလုံးများ ပိုမို
သုံးစွဲလေ ဖြစ်ခြင်းကြောင့် Search Engine များ၏ ရှာဖွေခြင်းရလာဒ်များ (SEO
- Search Engine Optimization) ပို၍မြင့်တက်စေပါသည်။
အင်တာနက်စာမျက်နှာအတွက် ငွေကြေးရင်းနှီးမြှုပ်နှံခြင်း
စီးပွားရေးလုပ်ငန်းဆိုင်ရာ
Blog Page တစ်ခုကို အခမဲ့ ၀န်ဆောင်မှု ပေးသည့် Blog Hosting ပေါ်တွင်
ရေးသားခြင်းသည် လုပ်ငန်း၏ ပုံရိပ်အမြင်ကို လျော့ကျစေပါသည်။ ဥပမာအားဖြင့်
abctrading.blogspot.com (သို့မဟုတ်) abctrading.wordpress.com ကဲ့သို့သော
အမည်မျိုးပင်ဖြစ်သည်။ အနည်းဆုံး blogger , wordpress တို့၏ blog site ကို
အသုံးပြုသည်ပင်ဖြစ်စေ Domain အမည်ကို ကိုယ်ပိုင်အမည်ဖြစ်စေရန် ၀ယ်ယူ
အသုံးပြုသင့်သည်။ အမည်ရွေးချယ်ရာတွင်လည်း ရိုးရှင်းထိရောက်သော အမည်ဖြစ်က
ပိုကောင်းပါသည်။
အချိန်ဇယားတစ်ခုဖြင့် Blog ရေးသားခြင်း
Blog
Post များကို နေ့စဉ်ရေးသားရမည်ဟု မဆိုလိုသော်လည်း များများရေးနိုင်လေ
သင့်လုပ်ငန်းအတွက် ပို၍ အကျိုးရှိလေ ဖြစ်သည်ကတော့ အသေအချာပင်ဖြစ်သည်။ အဓိက
အရေးကြီးသည်မှာ ပုံမှန် ဖြစ်ရန်ပင် ဖြစ်သည်။ စောင့်မျှော်ဖတ်ရှုရန်
ပုံမှန်အချိန်တစ်ခုပေးနိုင်ခြင်းသည် ပုံမှန်စာဖတ်သူအရေအတွက်
တိုးပွားလာစေရန် အကောင်းဆုံး အထောက်အကူပြုနိုင်သည်။
သင်၏ Blog ကို ကြော်ငြာခြင်း
ယခုနှစ်များတွင်
လူအများ၏ အာရုံဝင်စားမှုသည် facebook , twitter, google+ အစရှိသည့် social
media platform များပေါ်တွင်လည်း များစွာ ဖြန့်ကျက်လျက်ရှိရာ အဆိုပါ Social
Platform များသို့လည်း လက်လှမ်းမှီနိုင်ရန် ချိတ်ဆက်ထားသင့်သည်။ သို့မှသာ
Blog Post အသစ်တက်တိုင်း သို့မဟုတ် အခါအားလျော်စွာ ၎င်း Platform များပေါ်တွင်
သင်၏ အင်တာနက် စာမျက်နှာကို ကြည့်ရှုသူ ပိုမိုများပြားလာအောင်
ကြော်ငြာနိုင်မည်ဖြစ်သည်။
စာဖတ်သူများနှင့် ထိတွေ့ဆက်ဆံမှု ထူထောင်ခြင်း
Social
Media ခေတ်တွင် ထိတွေ့ဆက်ဆံမှုနည်းပါးလျှင် သင် နောက်ကျကျန်ခဲ့မည်ဖြစ်သည်။
သင်၏ Customer များသည် ၎င်းတို့၏ လိုအပ်ချက်များ လိုလားချက်များကို
သင့်ကိုပြောပြချင်သကဲ့သို့ သင်၏ တုန့်ပြန် ဆောင်ရွက်မှုကိုလည်း
သိမြင်လိုကြသည်။ ထို့ကြောင့် Post တစ်ခု၏ Comment တစ်ခုတစ်လေကိုမျှပင်
လျစ်လျူရှုခြင်း မပြုမိရန် အထူးဂရုစိုက်ရမည်ဖြစ်သည်။
အချုပ်ဆိုသော်
လုပ်ငန်းပိုင်ရှင်တိုင်းသည် အင်တာနက် Blogging , Web page တည်ဆောက်ခြင်း
စသည်တို့နှင့် ရင်းနှီးကောင်းမှ ရင်းနှီးမည်ဖြစ်သော်လည်း ကျွမ်းကျင်သည့်
ပုဂ္ဂိုလ် အဖွဲ့အစည်း စသည်တို့ သို့ အပ်နှံခြင်း ကျွမ်းကျင်သူများ
ခန့်ထားခြင်း စသည်နည်းများဖြင့် မိမိ လုပ်ငန်း တိုးတက်အောင်မြင်စေရန်
ကမ္ဘာနှင့် ရင်ဘောင်တန်းလုပ်ကိုင်နိုင်စေရန် Blogging ကို
စတင်လေ့လာလုပ်ကိုင်သင့်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment