HTC
Legend နှင့် ၎င်းနောက်ပိုင်း မော်ဒယ်များမှ စတင်၍ ထူးခြား ပြောင်မြောက်သော
မိုဘိုင်းဖုန်း ဒီဇိုင်းများစွာ ထုတ်လုပ်လာခဲ့ရာ HTC One X သည်
ထိုမော်ဒယ်များစွာတို့၏ လှပသော ကောက်ကြောင်းများ စုစည်း
ပေါင်းစပ်ထုတ်လုပ်ထားသည့် HTC ၏ Master Piece လက်ရာတစ်ခုဟု ဆိုနိုင်သည်။
သို့ရာတွင် အတော်အတန် ကြီးမားသော Display ကြောင့် မိုဘိုင်းဖုန်း
ခပ်ကြီးကြီးများကို မနှစ်သက်သော သူများအတွက်မူ HTC One S ကဲ့သို့သော
ဖုန်းမျိုးကိုသာ ပို၍ရွေးချယ်သင့်ပေသည်။ 4.7 inch ရှိသည့် 720p High
Definition Display သည် HTC One X ၏အထူး ၀ိသေသ တစ်ခုဖြစ်ကာ 8.9mm
သာအထူရှိသည့် ဘော်ဒီတွင် ထည့်သွင်းထားသည်။ Samsung ၏ AMOLED Display
ကဲ့သို့ အရောင်များ အလွန်တောက်ပခြင်း မရှိသော်လည်း ၎င်း၏ Super IPS LCD II
Display သည် ကြည်လင်ပြတ်သားမှုအားကောင်းပြီး သဘာဝဆန်သည့် အရောင်များဖြင့်
Game များနှင့် ရုပ်ရှင်များကို တစ်ကယ့် သဘာဝနှင့်ထပ်တူ
ခံစားနိုင်မည်ဖြစ်သည်။

ကောင်းမွန်စွာ
အဆင့်မြှင့်တင်ထားသည့် Optics အရည်အသွေးဖြင့် 8.1 Megapixel ကင်မရာကလည်း
0.7 Sec အတွင်း စတင်နိုင်ကာ မည်သည့် အခိုက်အတန့်မျိုးကိုမဆို
အရည်အသွေးမြင့်မားသည့် ပုံများရရှိအောင် မလွတ်တမ်းရိုက်ကူးနိုင်မည်
ဖြစ်သည်။ တပ်ဆင်ထားသည့် LED Flash ကလည်း အလင်းရောင်နည်းသည့် နေရာများတွင်
ရိုက်ကူးရာ၌ များစွာ အထောက်အကူ ရနိုင်မည်ဖြစ်သည်။ ရှေ့မျက်နှာပြင်တွင် 1.3
Megapixel ကင်မရာပါရှိပြီး Video call ခေါ်ဆိုအသုံးပြုရန်သာမက Self Portriat
များရိုက်ကူးရန်အတွက်ပါ အရည်အသွေးကောင်းမွန်စွာ အသုံးပြုနိုင်သည်။
နောက်ဘက်မှ ကင်မရာဖြင့် 1080p Full HD Video ရိုက်ကူးနိုင်ပြီး
ရိုက်ကူးနေစဉ်အတွင်း၌လည်း တစ်ချိန်တည်းတွင် Still Image များကိုလည်း
ရိုက်ကူးနိုင်သည်။ f/2.0 ထိ အကျယ်ချဲ့နိုင်သော Aperture တပ်ဆင်ထားသည့် Lens
နှင့် HTC Image Chip ၏အစွမ်းကြောင့် အလင်းရောင် အားနည်းသည့်
အချိန်များတွင်ပါ ကြည်လင်ပြတ်သားသည့် ပုံများကို ရရှိမည်ဖြစ်သည်။
HTC
One X တွင်ပါရှိသည့် အသံစံနစ်သည် အထင်ကြီးလောက်အောင်ပင် ကောင်းမွန်သည်ကို
တွေ့ရသည်။ ကမ္ဘာကျော် Beats Audio အသံစံနစ်ကို အသုံးပြုထားပြီး
နားဆင်ခံစားရာတွင် ထူးခြားသည့် ကွဲပြားခြားနားမှုကို တွေ့ရှိရမည်ဖြစ်သည်။
1800
mAh ပါဝါရှိသည့် Battery တပ်ဆင်ထားပြီး သာမာန် Application များ
အသုံးပြုခြင်း နှင့် Web Browsing တို့အတွက် တစ်နေ့တာလုံလောက်စွာ
အသုံးပြုနိုင်မည်ဖြစ်သည်။ Battery မှာ ဘော်ဒီအတွင်း အသေမြုပ်တပ်ဆင်ထားခြင်း
ဖြစ်သဖြင့် Battery အပိုတစ်လုံးဖြင့် လဲလှယ်အသုံးပြုရန်မှာမူ
မဖြစ်နိုင်ပေ။ သို့သော်လည်း ၎င်း၏ low power stanby စံနစ်ကြောင့် Battery ၁၀%
ခန့်ကျန်ရှိလျင်ပင် Application များ အသုံးမပြုတော့ပါက Information
ရယူရန်သက်သက်အတွက်မူ အချိန်အတန်ကြာ အသုံးပြုနေနိုင်ဦးမည် ဖြစ်သည်။
HTC
One X သည် လက်ရှိအနေအထားအရ လိုအပ်သမျှ ပြီးပြည့်စုံအောင်
ထည့်သွင်းတည်ဆောက် ထားခြင်းဖြစ်ရာ သင်၏ Android Phone ကို
အဆင့်မြှင့်တင်ရန် စောင့်ဆိုင်းနေသူဖြစ်ပါက တစ်ခြား အထွေအထူး ရှာဖွေရန်
မလိုတော့ပေ။ အလွန်ကောင်းမွန်သော ကင်မရာ၊ သွက်လက်လှသော မြန်နှုန်း၊
ဆွဲဆောင်မှုရှိသော ဒီဇိုင်းနှင့် ကြည်လင်ပြတ်သားလှသည့် Display
အားလုံးတို့မှာ သင့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးပေလိမ့်မည်။ အကယ်၍ အနည်းငယ်
အချိန်ပေးစောင့်ဆိုင်းနိုင်ပါလျင်မူ Samsung ၏ Galaxy S III က သူ၏ကြိုတင်
ကတိများအား မည်မျှလိုက်နာ ဆောင်ရွက်ပေးသည်ကို ကြည့်ရှုရင်းဖြင့်
နှိုင်းယှဉ် ချိန်ဆကြည့်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment