Saturday, January 22, 2011

Digital Video scan ပြုလုပ်ခြင်းနည်းစံနစ်များ (Digital Video scanning Systems)



Digital television (DTV) တစ်ဖြစ်လဲ Digital Video တွေဟာ Analog System  တွေထက် အရည်သွေးအားဖြင့် ပို၍မြင့်မားကြပါတယ်။ သို့သော်လည်း အားလုံးသော Digital video  တွေဟာတော High-Definition television (HDTV)  မဟုတ်ပါဘူး။ Digital video တွေကို ယေဘုယျအားဖြင့် ၄မျိုး ခွဲခြား သတ်မှတ်နိုင်ပါတယ်။




480p System

480p System  ရဲ့ရုပ်ပုံတွေကို progressive နည်းနဲ့ scan လုပ်ထားတဲ့ လိုင်းပေါင်း ၄၈၀ နဲ့ဖွဲ့စည်းထားပါတယ်။ ပုံမှန်အားဖြင့် 60 frames per second ထွက်ပါတယ်။ အရည်အသွေးအားဖြင့် Analog system television  တွေထက် ပိုပြီးကောင်းမွန်တာမို့ တစ်ခါတစ်ရံမှာ (HDTV) အနေနဲ့ခေါ်ဆိုကြသော်လည်း နည်းပညာ စံသတ်မှတ်ချက်တွေ အရတော့  High-definition  အုပ်စုမ၀င်ပါဘူး။

720p System

အလားတူပဲ progressive scan  လိုင်းပေါင်း ၇၂၀ နဲ့ဖွဲ့စည်းထားတာမို့  720p system  လို့အမည်တွင်တာ ဖြစ်ပါတယ်။ သူ့ရဲ့ပုံမှန်  refresh rate ကတော့  60 frames per second  ဖြစ်ပါတယ်။ အရည်အတွက် မြင့်မားတဲ့ scan လိုင်းအရေအတွက်ဟာ အလွန်ပြတ်သားတဲ့ ပုံထွက်ကိုရရှိစေပြီး ဒီစံနစ်ကတော့ လုံးဝ ဥသုံ High-definition  ဖြစ်ပါတယ်။ HDTV အုပ်စုဝင်ပါတယ်။

1080i System

ဒီစံနစ်မှာတော့ bandwidth သက်သာစေရန် interlaced scan စံနစ်ကိုအသုံးပြုထားပါတယ်။ ဆိုလိုတာကတော့ 1080 progressive နည်းနဲ့ scan လုပ်တာထက် digital signal များကို ပိုမိုလျင်မြန်စွာ သယ်ယူနိုင်စေရန် ဖြစ်ပါတယ်။ သူ့စံနစ်မှာ 30 Frames per second ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ frames တွေကိုပဲထုတ်လုပ်နိုင်တယ် ဆိုသော်ငြားလည်း သူ့ရဲ့ မြင့်မားလှတဲ့ scan လိုင်းအရေအတွက်ကြောင့် 480p ဒါမှမဟုတ် 720p စံနစ်များထက် ပိုပြီး High-definition ဖြစ်တဲ့ video ကို ရရှိစေတာအမှန်ပဲဖြစ်ပါတယ်။

1080p System ( Full HD)

လက်ရှိအနေအထားအရ အမြင့်ဆုံး resolution စံနစ်ဖြစ်ပြီး သူ့ကို Full HD လို့ ခေါ်ဆိုသုံးနှုန်း ကြပါတယ်။ Horizontal လိုင်းပေါင်း 1080 လိုင်းကို progressive နည်းနဲ့ scan လုပ်ပြီး ရရှိလာတဲ့ ပုံရိပ်တွေ ဟာ အထူးကြည်လင်ပြတ်သားလှပါတယ်။ ဒီစံနစ်နဲ့ရိုက်ကူးထုတ်လုပ်မှုအပိုင်းရော တည်းဖြတ်မှုအပိုင်း သာမက ပြသမှုစံနစ်များ အားလုံးမှာတော့ အမြင့်ဆုံး configuration ရှိတဲ့ system များလိုအပ်ပါလိမ့်မယ်။

2 comments:

  1. ဒါဆို တီဗွီ ဝယ်ရင် 1080p ကိုပဲ ရွေးဝယ်ရမှာလား..။
    ထိုနည်းတူ ကမ်ကော့်ဒါ ဝယ်ရင်လဲ အထက်ပါအတိုင်းလား။
    p နဲ့ i နဲ့ ဗွီဒီယို ရိုက်ရင် ဘယ်ဟာက မယ်မိုရီ ပိုစားလဲ...။

    ReplyDelete
  2. တီဗွီတွေမှာ Standard Def: (480p) HD Ready (up to 720p) Full HD (1080p) ဆိုပြီးတော့ ရှိသဗျ။ ဒီခေတ်ထဲမတော့ (i, interlace)TV မရှိတော့ပါဘူး။ Memory စားတာကတော့ ရိုက်တဲ့ ဗီဒီယိုရဲ့ bit rate ပေါ်မှာမူတည်ပါလိမ့်မယ်။ TV Resolution တွေအတွက် ဒီဇယားလေးကို ကြည့်ကြည့်ရင် ရှင်းသွားမှာပါဗျာ။

    https://lh6.googleusercontent.com/-Stn6tYZe64M/TvXpCPqsJqI/AAAAAAAAAuA/_W8fpbufl0o/s512/Noname.jpg

    ReplyDelete