Digital Video များ၏အခြေခံပုံရိပ်ဖော်ခြင်းလုပ်ငန်းစဉ်
ဒစ်ဂျစ်တယ်ဗွီဒီယိုခေတ်ကိုတော့ ကူးပြောင်းရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အလွန်တရာဈေးကြီးပြီး ချောင်ထိုးလိုက်ဖို့ ခဲယဉ်းလှတဲ့ အရည်အသွေးအကောင်းစား အင်နာလော့ ကင်မရာကြီးတွေတစ်ချို့ကလွဲလို့ ဗွီဒီယိုရိုက်ကူးထုတ်လုပ်ခြင်း လုပ်ငန်းစဉ် အားလုံးဟာ ဒစ်ဂျစ်တယ် စံနစ်ကိုအသုံးပြုနေကြပြီဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ရုပ်ရှင် ထုတ်လုပ်ရေး အများစုဟာ ရှေးဟောင်း အင်နာလော့ ကင်မရာတွေကိုသာ ရိုက်ကူးရေးမှာ သုံးနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော တည်းဖြတ်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်အများစုမှာတော့ ဒစ်ဂျစ်တယ် လုပ်ငန်းစဉ်တွေကသာ လွှမ်းမိုးခဲ့ပြီ ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ် ဗွီဒီယိုလို့ပြောလိုက်တာနဲ့ ဟိုက်ဒက်ဖနေးရှင်း ဗွီဒီယိုကိုသာ မြင်ယောင်မိကြတာ ဖြစ်သော်လည်း တစ်ကယ်တမ်း ဒစ်ဂျစ်တယ် ဗွီဒီယိုမှာလည်း အခြေခံတဲ့ ဗွီဒီယိုကုတ်ဒစ် (Video Codecs) တွေအလိုက် အရည်အသွေး အကြီးအကျယ် ကွာခြားနိုင်ပါသေးတယ်။ အခုဖော်ပြမယ့် အခြေခံတွေကနေ ဒီအကြောင်းအရာတွေကို တစ်စေ့တစ်စောင်း သိရှိနိုင်ပါလိမ့်မယ်။
အခြေခံပုံရိပ်ဖော်ခြင်း Basic Image Formation
ဗွီဒီယိုပုံရိပ်များ၏ ပုံရိပ်ဖော်ခြင်း လုပ်ငန်းစဉ်ဟာ Process of Scanning ဆိုတဲ့ Scan လုပ်ငန်းစဉ် တစ်ခုအပေါ်မှာ အခြေခံထားပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ Black-and-white television, Color television, standard analog television နဲ့ Digital high-definition television စသည် အားလုံးတို့အတွက် အတူတူပင်ဖြစ်ပါတယ်။Process of Scanning ကိုရှင်းပြဖို့အကောင်းဆုံးကတော့ Cathode ray tube (CRT) ကိုအသုံးပြုထားတဲ့ Standard monochrome (black-and-white) television စံနစ်ပဲဖြစ်ပါတယ်။

အလားသဏ္ဍန်တူစွာပဲ Color television စံနစ်မှာတော့ Electron Gun သုံးခုပါရှိကာ မတူညီတဲ့ Electron Beam သုံးမျိုးကိုထုတ်လွှတ်ပါတယ်။ Color television ရဲ့မျက်နှာပြင်မှာတော့ Red,Green နဲ့ Blue အရောင်သုံးမျိုးကို သေသပ်ကျနစွာ အစီအစဉ်တကျ နေရာချထားတဲ့ သေးငယ်လှတဲ့ အစက်အပြောက်လေးတွေ သို့မဟုတ် လေးထောင့်ကွက်လေးတွေပါရှိပါတယ်။ ပထမ Beam ကိုတော့ Red dots တွေပေါ်ကိုကျရောက်စေရန် စီစဉ်ထားပြီး ဒုတိယနဲ့ တတိယ Beam တွေကိုတော Green dots နဲ့ Blue တွေအသီသီးပေါ်ကို ကျရောက်စေရန် စီစဉ်ထားပါတယ်။ Digital Television စံနစ်မှာတော့ color television စံနစ်မှာသုံးခဲ့တဲ့ Dots တွေကို Pixels လို့ခေါ်ပါတယ်။ Pixels တွေဟာ ဇယားကွက်သေးသေးလေးတွေ အတွဲလိုက်ချထားတာနဲ့ ဆင်တူပြီး အသေးဆုံးဇယားကွက်တစ်ခု ကစပြီးတော့ ကွန်ပျူတာက မှတ်မိသိရှိပြီး စံနစ်တကျထိန်းချုပ်ပါတယ်။ Electron Beam သုံးခုရဲ့အမျိုးအမျိုးသော ပေါင်းစပ်ထုတ်လွှတ်မှုတွေကနေ ကျွန်တော်တို့ Video မျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ အရောင်တွေအားလုံးကို ဖြစ်ပေါ်စေပါတယ်။
Scan ပြုလုပ်ခြင်းလုပ်ငန်းစဉ် (Scanning Process)
ကျွန်တော်တို့ စာဖတ်တဲ့အခါမှာ စာကြောင်းတွေကို ဘယ်ဘက်ကနေ ညာဘက်ကိုဖတ်ပြီး တစ်ဖြည်းဖြည်းနဲ့ အောက်ကိုဆက်ဖတ်သွားသလိုမျိုး Electron Gun ကပစ်လွှတ်လိုက်တဲ့ Electron Beam တွေဟာလည်း မျက်နှာပြင်ကိုဖတ်ဖို့အတွက် အလားတူ Scan လုပ်ပါတယ်။ Interlaced Scanning နဲ့ Progressive Scanning ဆိုပြီး Scan ပြုလုပ်ခြင်း အခြေခံနည်းလမ်း နှစ်သွယ်ရှိပါတယ်။ Standard analog television အားလုံးဟာ Interlaced Scanning စံနစ်ကိုအသုံးပြုပါတယ်။ Digital Video တွေမှာတော့ Interlaced Scanning လည်းဖြစ်နိုင်သလို Progressive Scanning လည်းဖြစ်နိုင်ပါတယ်။
Interlaced Scanning

Progressive Scanning

ကိုငယ် Friday, January 21, 2011 (1:11 am)
Referance : Video Basics, Sixth Edition Herbert Zettl
The Complete Idiots Guide to Digital Video by Karl Bardosh
ကောင်းတယ်ဗျာ...
ReplyDeleteဗြိတိသျှလို ရေးထားတဲ့ စာတွေကို ဖတ်ရမှာ ပျင်းတယ်ဗျ...။
ခုမှ Interlaced နဲ့ Progressive scan အကြောင်း သေချာသိတော့တယ်။
ဂလိုစာတွေ များများရေးပါဗျ..။
(စကားမစပ် comment တင်မယ် ကြံလိုက်ရင် အောက်က ပေါ်ပေါ်လာတဲ့ Verification ဆိုတာကြီးကို ဖြုတ်လိုက်ဇမ်းဘာ....)