Thursday, October 4, 2012

ဓါတ်ပုံတစ်ပုံ၏ဖွဲ့ စည်းပုံ (Composition) အပိုင်း (၂)

ကျွန်တော် ရှေ့ မှာ ဥပဒေသ နှစ်ခုပြောခဲ့ပါတယ်။ Rule of Third နဲ့  Diagonal Rule ပါ။ ဒီတစ်ခါပြောချင်တာကတော့ Framing the Photo လို့ ခေါ်ပါတယ်။

Rule of Framing

ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ရိုက်ခဲ့ တဲ့  ဓါတ်ပုံလေးတွေကို ဓါတ်ပုံဘောင်လှလှလေးတွေမှာ ထည့်သွင်းလေ့ရှိပါတယ်။ ဒါဟာဘာကို ဆိုလိုတာလဲ ဆိုတော့ ကျွန်တော်တို့  အမြတ်တနိုးရှိတဲ့  ဓါတ်ပုံလေးကို ထင်သာမြင်သာအောင် ကြည့်တဲ့ သူတွေစိတ်ဝင်စားမှု ရှိအောင် ပြုလုပ်လိုတဲ့  သဘောပါပဲ။ ဒီသဘောတရားကို အသုံးချပြီး ကျွန်တော်တို့  ရိုက်တဲ့ဓါတ်ပုံလေးတွေကို သဘာဝဘောင်လေးတွေ ခတ်ကြည့်ရင် ထူးခြားဆန်းသစ်တဲ့ အမြင်ဆန်းဆန်း ဓါတ်ပုံလေးတွေ ရရှိလာပါတယ်။ ဥပမာ အားဖြင့် သစ်ရွက်သစ်ခက်လေးတွေ ကို အသုံးချပြီး ကိုယ့် ရိုက်လိုတဲ့ အရာဝထ္ထုကိုဘောင်ခတ်ကြည့်တာမျိုး.. သဘာဝ အတိုင်းရှိနေတဲ့ အရာဝထ္ထုတွေကို ကိုယ်ရိုက်လိုတဲ့ အရာဝထ္ထုရှေ့ မှာ ဘောင်သဘောမျိုး ထားရိုက်တာမျိုး အစရှိသည်ဖြင့် ဖြစ်ပါတယ်။ ခုကျွန်တော် နမူနာတင်ပေးထားတဲ့ ပုံလေးတွေကို ကြည့်ခြင်းအားဖြင့် ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားလည် သဘောပေါက်နိုင်ပါလိမ့်မယ် ခင်ဗျား..။












 

နောက်ထပ် ဥပဒေသလေးတစ်ခုကတော့ ....

Rule of Leading Lines

ကျွန်တော်တို့တစ်တွေ ဓါတ်ပုံတစ်ပုံကို ကြည့်လိုက်တဲ့အခါမှာ သဘာဝအားဖြင့် ကျွန်တော်တို့  မျက်လုံးဟာ မျဉ်းကြောင်းတွေအတိုင်း မျောပါသွားလေ့ရှိပါတယ်။ ဒီသဘောတရားလေးကို အခြေခံပြီး ကျွန်တော်တို့ ဟာ မျဉ်းကြောင်းတွေကို အသုံးချလို့  ဓါတ်ပုံတစ်ပုံကို ဖွဲ့ စည်းပုံ ကောင်းအောင် ကြည့်ရှုသူကို ကိုယ်လိုချင်တဲ့ အရာဆီကို ဆွဲခေါ်သွားနိုင်အောင် မြင်ကွင်းလေးတစ်ခုအပေါ်စီးမျောဝင်သွားအောင် ဖန်တီး ယူနိုင်ပါတယ်။ ဒီနေရာမှာ မျဉ်းတွေဟာ အမျိုးမျိုး အထွေထွေသော ပုံစံများစွာ တည်ရှိနိုင်ပါတယ်။ တစ်ချို့ က ဖြောင့်တန်းနေမယ် တစ်ချို့ က ထောင့်ဖြတ်တည်ရှိနေမယ် ကွေ့ ကွေ့ ကောက်ကောက် တစ်မျိုး Zig Zag တစ်မျိုး ခရုပါတ်ခွေတစ်မျိုး စသည်လည်း ရှိနေမယ်။ အကောင်းဆုံးအသုံးချနိုင်အောင် အောက်မှာ ဖော်ပြထားတဲ့ ပုံလေးတွေနဲ့ တွဲပြီး လေ့လာကြည့်ကြပါဦး နော်....။











ကိုငယ် (မန္တလေး)

2 comments:

  1. အကိုရေ ဆက်ရေးပါအုံး
    စောင့်မျှော်အားပေးနေပါတယ်

    ReplyDelete
  2. ၇န်ကင်းDecember 29, 2012 at 6:51 PM

    ဆက်ပြီးမျှဝေပေးပါ၊မျှော်နေပါတယ်

    ReplyDelete