Tuesday, October 9, 2012

ဓါတ်ပုံအမျိုးအစားများ



Aerial Photography - လေယာဉ်၊ ဟယ်လီကော့ပတာ သို့မဟုတ် အမြင့်ပျံနိုင်သည့် ယာဉ်တစ်မျိုးမျိုးပေါ်မှရိုက်ကူးသည့် ဓါတ်ပုံအမျိုးအစားဖြစ်သည်။


Adventure, Action - စွန့်စားသွားလာခြင်းများ၊ အားကစားအမျိုးမျိုး စသည်တို့ကို ရိုက်ကူးသည့် ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Amateur Photography – Professional မဟုတ်သော ဓါတ်ပုံဝါသနာရှင်များမှ ရိုက်ကူးသော အမျိုးမျိုးသော ဓါတ်ပုံများ ကိုခေါ်ဆိုသည်။

Animal, Pet - အိမ်မွေးတိရိစ္ဆာန်များနှင့် လူတို့အကြား ပါတ်သက်မှုပုံစံအမျိုးမျိုးကိုရိုက်ကူးခြင်းဖြစ်သည်။ ဓါတ်ပုံတွင်ပါဝင်သည့် လူသည်လည်း အခါအားလျှော်စွာ ရိုက်ကူးသည့် အိမ်မွေးတိရိစ္ဆာန်ကဲ့သို့ပင် အရေးပါသည်ကို သတိပြုရမည်။

Architecture, Real Estate - အဆောက်အဦးများ အိမ်များကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ခြင်းဖြစ်သည်။ ရံဖန်ရံခါ မြင်ကွင်းကျယ်ရိုက်ကူးခြင်းများလည်းပါဝင်သည်။
Artistic - ဤဓါတ်ပုံအမျိုးအစားတွင် ဆန်းသစ်စွာဖန်တီးထားသော ဓါတ်ပုံဖွဲ့စည်းပုံသည် အသက်ဖြစ်သည်။

Astrophotography - တယ်လီစကုပ်မှတစ်ဆင့် အာကာသ ကောင်းကင်ယံသို့ ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Aura Photography - လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ကိုယ်ရောင်ကိုယ်ဝါတောက်ပမှုကို ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားတစ်မျိုးဖြစ်ပြီး ယခုအချိန်ထိ အငြင်းပွားမှုများရှိနေဆဲ ဓါတ်ပုံအမျိုးအစားဖြစ်ပါသည်။ ရံဖန်ရံခါတွင် ပြုပြင်ဖန်တီးထားသော ဓါတ်ပုံအဖြစ် ထင်ယောင်ထင်မှား ဖြစ်ရမှုများလည်းရှိသည်။

Black & White Photography - ကာလာဖြင့်ရိုက်ကူးခြင်းကဲ့သို့ ရိုးရိုးရိုက်ကူးခြင်မဟုတ်ဘဲ သဏ္ဍန်များ အနုအရင့်သဘောများ ဖွဲ့စပ်ပုံ အပြောက်အမွှမ်းများကို ပိုမိုထင်ရှားပေါ်လွင်အောင် အဖြူအမည်းသက်သက်ဖြင့် ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။ အရိပ်များနှင့် အလင်းရောင်ကဲသောနေရာများသည် သာမာန်ဓါတ်ပုံများထက် ပို၍အရေးပါလာသည်။

Camera Phone Photography - အဆင်ပြေလွယ်ကူစွာ ရိုက်ကူးနိုင်သည့် ကင်မရာပါရှိသော မိုဘိုင်းဖုန်းများဖြင့် ရိုက်ကူးသည့် ဓါတ်ပုံအမျိုးအစားဖြစ်သည်။ အကောင်းဆုံး အရည်အသွေး မဟုတ်သော်ငြား သဘာဝကျသော ရုတ်ချည်းရိုက်ကူးနိုင်သော ဓါတ်ပုံကဏ္ဍသစ်တစ်ရပ် ဖြစ်သည်။

Commercial Photography - ကြော်ငြာပစ္စည်းများ နှင့် ကြော်ငြာများ ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Documentary - ဂျာနယ်လစ်များ၊ ပွဲလမ်းသဘင် အခမ်းအနားများ၊ သမိုင်းဝင်မှတ်တမ်းများ၊ နိုင်ငံရေးရာ မှတ်တမ်းများ စသည်ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Event Photography - ကပွဲများ၊ ပါတီပွဲများ၊ ပွဲတော်များ မင်္ဂလာဧည့်ခံပွဲများ စသည်ဖြင့် ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Forensic Photography - ရဲမှုခင်းမှတ်တမ်းများ၊ တရားဝင်မှတ်တမ်းယူရသောဓါတ်ပုံများကို ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Infrared - ဓါတ်ပုံရိုက်ကူးသည့် ဖလင်(သို့) ဒစ်ဂျစ်တယ် ဆန်ဆာကို သမားရိုးကျများထက် အနီအောက်ရောင်ခြည်ကို ပိုမိုခံစားသိရှိနိုင်အောင် အထူးပြုပြင်ထားသည့် ကင်မရာများဖြင့် ရိုက်ကူးသည့် ဓါတ်ပုံအမျိုးအစားဖြစ်သည်။ 

Large Format – Billboard များ ပိုစတာများ ရိုက်ကူးရန်အတွက် ဖလင်(သို့) ဆန်ဆာဆိုက် အလွန်ကြီးမားသော ကင်မရာများဖြင့် ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Macro Photography - အနုပညာဆန်စွာ အလွန်သေးငယ်သော အရာဝထ္ထုများ (သို့) လွန်စွာပုံကြီးချဲ့ရိုက်ကူးထားသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Microscopic Photography - သာမာန်မျက်စိဖြင့်မြင်နိုင်ရန်အလွန်ခဲယဉ်းသော အရာများအား Microscope အသုံးပြုကာ ရိုက်ကူးတင်ပြသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Nature Photography - ရှုခင်းပုံများ တောတောင်သဘာဝ သစ်ပင် နှင့် တိရိစ္ဆာန်များ စသည် ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Panoramic - ကျယ်ပြန့်သည့် ဧရိယာကို မြင်ကွင်းကျယ် ရိုက်ကူးပြခြင်းဖြစ်သည်။ ၃၆၀ ဒီဂရီ တစ်ပါတ်လည်သည်အထိ ရိုက်ကူးတင်ပြခြင်းမျိုးများပါဝင်သည်။

Paranormal - သစ္ဆေသရဲ စသည်အပါအ၀င် ရှင်းပြရန်ခက်ခဲသော အကြောင်းအရာမျိုးများကို ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

People Photography – Candid ဟုခေါ်သည့် သဘာဝကျကျ ရိုက်ကူးသောပုံများ၊ မိသားစုဓါတ်ပုံများ၊ ဖက်ရှင်ဓါတ်ပုံများ၊ စွဲမက်ဖွယ်ရိုက်ကူးသောပုံများ၊ ပါတ်(စ)ပို့ပုံများ၊ အလှရိုက်ဓါတ်ပုံများ၊ ကိုယ်ဝန်ဆောင်ဓါတ်ပုံများ၊ ကျောင်းတက်ပုံများ၊ အားကစားဓါတ်ပုံများ၊ မင်္ဂလာဆောင်ဓါတ်ပုံများ စသည်ဖြင့် ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Sports Photography – အားကစားလှုပ်ရှားမှုများကို အထူးပြုရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။
Stereoscopic (3-D) - ဓါတ်ပုံနှစ်ပုံကို တစ်ပြိုင်တည်း ဆက်တိုက်ရိုက်ကူး၍ 3-D ပုံများရအောင် ရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Stock Photography - အခြားအသုံးလိုသည့် သူများ အသုံးပြုနိုင်ရန် အဆင်သင့်ရိုက်ကူးထားသည့် ဓါတ်ပုံများဖြစ်သည်။ ယင်းဓါတ်ပုံများသည် ယေဘုယျကျသောပုံများဖြစ်လေ့ရှိသည်။ ဥပမာ - လူများလမ်းပေါ်တွင် သွားလာနေကြပုံ၊ အထင်ကရ အဆောက်အဦးများ၊ နေရာများစသည်ဖြင့် ဖြစ်လေ့ရှိသည်။

Time-Lapse Photography - ကာလတစ်ခုအတွင်းရှိ မြင်ကွင်းတစ်ခုကိုဖမ်းယူရန် အလွန်ကြာရှည်သော Exposure ဖြင့်ရိုက်ကူးသည့်ရိုက်ချက်များဖြင့် ရိုက်ကူးသည့် ဓါတ်ပုံအမျိုးအစားဖြစ်သည်။ ထင်ရှားသည့် ဥပမာပြရလျှင် မြို့ပြလမ်းများပေါ်တွင် ကားမီးရောင်များ ကို အလင်းတန်းရှည်ကြီးများသဖွယ် ရိုက်ကူးထားသည့် ပုံမျိုးများပင်ဖြစ်သည်။

Travel Photography - နေရာဒေသများကို တင်ဆက်ပြသခြင်း ခရီးသွားပုံရိပ်များကို အစဉ်တစ်တန်းပုံဖော်တင်ဆက်ခြင်းစသည့် ဓါတ်ပုံအမျိုးအစားဖြစ်သည်။

Ultraviolet - ဓါတ်ပုံရိုက်ကူးသည့် ဖလင်(သို့) ဒစ်ဂျစ်တယ် ဆန်ဆာကို သမားရိုးကျများထက် ခရမ်းလွန်ရောင်ခြည်ကို ပိုမိုခံစားသိရှိနိုင်အောင် အထူးပြုပြင်ထားသည့် ကင်မရာများဖြင့် ရိုက်ကူးသည့် ဓါတ်ပုံအမျိုးအစားဖြစ်သည်။ 

Underwater Photography - ရေလုံကင်မရာများ (သို့) ရေလုံကင်မရာအိမ်များဖြင့် ရေအောက်တွင်ရိုက်ကူးသော ဓါတ်ပုံအမျိုးအမျိုးကိုခေါ်ဆိုခြင်းဖြစ်သည်။
Urban, Street life, Industrial - မြို့ပြလူနေမှုဘ၀ နှင့် မြို့ပြဒေသ၏ ရှုခင်းများကို အထူးပြုရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။

ကိုငယ် (မန္တလေး)



No comments:

Post a Comment