Wednesday, April 25, 2012

Ultrabook Computer များ





Laptop ကွန်ပျူတာ အသုံးပြုသူများအကြား ၂၀၁၂ တွင် Hot အဖြစ်ဆုံး အရာတစ်ခုကိုပြပါဆိုလျှင် တွေဝေနေရန်မလိုဘဲ Ultrabook ကွန်ပျူတာများကိုပင် ညွှန်ပြရပေလိမ့်မည်။ Ultrabook ကွန်ပျူတာများသည် On-board Integrated Graphic နှင့် Solid State Hard Drives (SSD) စသည်တို့အသုံးပြုထားပြီး  Intel ၏ နောက်ဆုံးထုတ် low-power processors များတပ်ဆင်ထားကာ အလွန်ပါးလွှာသော ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ခံသော Laptop ကွန်ပျူတာ တစ်မျိုးဖြစ်သည်။

အင်တာနက်ပေါ်တွင် ဈေးဝယ်ခြင်း Online Shopping





နိုင်ငံတစ်ခုတွင် ဖွံ့ဖြိုးတိုးတက်သော ခေတ်နှင့်စံနစ်သို့ ပြောင်းလဲရောက်ရှိလာသည်နှင့်အတူ မပါမဖြစ် တွဲလျက်လိုက်ပါ လာရသည်က electronic commerce ခေါ် သတင်းနှင့်ဆက်သွယ်ရေး နည်းပညာသုံး စီးပွါးရေး အခြေပြုလုပ်ငန်းများ ဖြစ်သည်။ ကျယ်ပြန့်လှသည့် e-commerce လုပ်ငန်းများအတွင်းမှ အများပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသဖြစ်သည့် စိတ်ဝင်စားဖွယ် အင်တာနက်တွင် ဈေးဝယ်ခြင်း (သို့) ဈေးရောင်းခြင်း လုပ်ငန်းများအကြောင်း အနည်းငယ် ဖော်ပြလိုပါသည်။