Ultra
Zoom ကင်မရာများ၏ အကြီးမားဆုံး ဆွဲဆောင်မှုမှာ အလွန်ရှည်လျားသော Focal
Length ရှိခြင်း (၀ါ) ရှည်လျားစွာ Zoom ဆွဲနိုင်ခြင်းပင်ဖြစ်သည်။ 12x
ဆိုလျင်ပင် ခပ်ဝေးဝေးမှ အရာများ အဖြစ်အပျက်များကို
ရိုက်ကူးနိုင်ပြီဖြစ်သော်လည်း Ultra Zoom Camera များသည် 24x ခန့်မှစ၍
ထို့ထက်ပိုများသော Lens Range များပါရှိကြသည်။
ပထမဆုံး သိသင့်သည့် အချက်မှာ မီလီမီတာ (mm) ဖြင့်ဖော်ပြထားသော ကင်မရာပါ မှန်ဘီလူး၏ ပကတိ Zoom ဆွဲနိုင်မှု Wide Angle မှ Telephoto ပင်ဖြစ်သည်။ ၎င်းတို့ကို နှိုင်းယှဉ်ရလွယ်ကူစေရန် အစဉ်အမြဲ Full Frame Sensor Size (35mm Sensor)၏ Focal Length ဖြင့်နှိုင်းယှဉ်ဖော်ပြလေ့ ရှိသည်။ ဥပမာ wide angle 28mm , Telephoto 400mm စသည်။ Telephoto အတွက် ဂဏန်းပိုကြီးလေ အရာဝထ္ထုမှာ ဓါတ်ပုံထဲတွင် ပို၍ကြီးကြီးပေါ်လေ ဖြစ်သည်။
ပထမဆုံး သိသင့်သည့် အချက်မှာ မီလီမီတာ (mm) ဖြင့်ဖော်ပြထားသော ကင်မရာပါ မှန်ဘီလူး၏ ပကတိ Zoom ဆွဲနိုင်မှု Wide Angle မှ Telephoto ပင်ဖြစ်သည်။ ၎င်းတို့ကို နှိုင်းယှဉ်ရလွယ်ကူစေရန် အစဉ်အမြဲ Full Frame Sensor Size (35mm Sensor)၏ Focal Length ဖြင့်နှိုင်းယှဉ်ဖော်ပြလေ့ ရှိသည်။ ဥပမာ wide angle 28mm , Telephoto 400mm စသည်။ Telephoto အတွက် ဂဏန်းပိုကြီးလေ အရာဝထ္ထုမှာ ဓါတ်ပုံထဲတွင် ပို၍ကြီးကြီးပေါ်လေ ဖြစ်သည်။
Wide Angle နှင့် Telephoto
သိထားသင့်သော အချက်တစ်ခုမှာ Zoom များများဆွဲနိုင်ခြင်းနှင့် ဓါတ်ပုံအရည်သွေးကောင်းမွန်မှု မှာတိုက်ရိုက် သက်ဆိုင်မှု မရှိဆိုသည်ပင်ဖြစ်သည်။ Lens ၏ ရှည်လျားလှသော Focal Length တစ်လျောက်လုံး ဓါတ်ပုံအရည်အသွေး ကောင်းမွန်စေရန် ပြုလုပ်ရခြင်းမှာ ကုန်ကျစရိတ်လွန်စွာကြီးမားလှသောကြောင့်လည်း ဖြစ်ပါသည်။ ရံဖန်ရံခါ ၎င်း၏ပြောင်းပြန် Zoom နည်းနည်းသာ ဆွဲနိုင်ခြင်းသည် ပိုမို အရည်အသွေးကောင်းသော ကင်မရာမော်ဒယ်များ ရရှိနိုင်ပါသည်။ နောက်တစ်ချက်မှာ 24x 36x စသည်တို့မှာ Widest End ဖြစ်သည့် အကျယ်ဆုံး Angle ပေါ်တွင် အခြေခံသည်ဖြစ်ရာ Zoom Range အလွန်များသော ကင်မရာမော်ဒယ်များသည် မြင်ကွင်းကျယ်ကျယ် ရိုက်ကူးနိုင်မှုလည်း အားနည်းတတ်ပါသည်။ Ultra Zoom ကင်မရာများသည် Lens လဲလှယ်တပ်ဆင်နိုင်ခြင်း မရှိသဖြင့် Wide Angle နှင့် Telephoto ရိုက်ကူးနိုင်မှုအတွက် မျှတစွာ ရွေးချယ်နိုင်ရန် အလွန်အရေးကြီးပါသည်။
Image Sensor
ဓါတ်ပုံများ၏ အရည်အသွေးသည် Image Sensor အပေါ်တွင် များစွာတည်မှီပါသည်။ လက်ရှိ Ultra Zoom ကင်မရာများ၏ Image Sensor အရွယ်အစားသည် Full Frame ၏ နှစ်ပုံတစ်ပုံ အရွယ်အစားဝန်းကျင်သာ ရှိတတ်ပါသည်။ အချို့မှာ ထို့ထက်ပို၍သေးငယ်ပါသည်။ Sensor Size အရွယ်အစားသေးငယ်ခြင်းသည် အလင်းရောင်နည်းပါးသည့် အခြေအနေမျိုးတွင် ရိုက်ကူးမှုများအတွက် ဓါတ်ပုံအရည်အသွေး ကျဆင်းမှုကို ဖြစ်စေပါသည်။ အချို့သော နောက်ဆုံးပေါ် မော်ဒယ်များတွင် Back-Illuminated Sensor များတပ်ဆင်အသုံးပြုပါသည်။ ၎င်းနည်းပညာသည် ယခင် Image Sensor များထက် အလင်းရောင်နည်းပါးသည့် အခြေအနေများအတွက် ပိုမိုကောင်းမွန်သော ဓါတ်ပုံများရရှိစေပါသည်။
Stabilizing The Scene
Digital Camera အများစုမှာ Image Stabilizing တစ်မျိုးမျိုးပါရှိတတ်ကြပါသည် သို့သော် Ultra Zoom ကင်မရာ များအတွက်မူ ရှည်လျားသော Zoom Range များအတွက် ၎င်းစွမ်းဆောင်ရည်မှာ မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ Image Stabilizing တွင် Optical Stabilizing ,Sensor Stabilizing နှင့် Electronic Stabilizing ဟူ၍သုံးမျိုးတွေ့ရလေ့ရှိသည်။ ပထမတစ်မျိုးမှာ ကင်မရာ Lens အား တည်ငြိမ်အောင် ထိန်းညှိပေးပြီး ဒုတိယတစ်မျိုးမှာမူ အချိုးကျစွာအသေးစိတ် တည်ဆောက်ထားသော သံလိုက်များ အကူအညီဖြင့် Image Sensor အားအထက်အောက်ရွေးလျားစေပြီး ထိန်းညှိပေးသောစံနစ်ဖြစ်သည်။ Electronic Stabilizing မှာမူ ကင်မရာ၏ Processor ကိုအသုံးပြု၍ စံနစ်တကျတွက်ချက်ကာ ရရှိလာသည့် Image Data အပေါ်တွင် ပြန်၍ Stabilizing ပြုလုပ်သောစံနစ်ဖြစ်သည်။
Video Recording Function
ခေတ်ပေါ် Ultra Zoom ကင်မရာများအားလုံးသည် Video Recording လုပ်ဆောင်ချက်ပါဝင်ကြသော်လည်း အရည်အသွေးမှာမူ ကွာခြားချက်များစွာရှိနိုင်ပါသည်။ အချို့သောကင်မရာများသည် 720p HD Recording ကိုအရည်အသွေးကောင်းကောင်း ရိုက်ကူးနိုင်သော်လည်း အချို့မှာမူ 1080p ရိုက်ကူးနိုင်သည်ဆိုလျက် အရည်အသွေးမှာ အတန်အသင့်သာ ဖြစ်တတ်ပါသည်။ အကယ်၍ Video ရိုက်ကူးမှုသည် သင့်အတွက် အရေးပါသည့် လုပ်ဆောင်ချက်ဖြစ်ပါက Video ရိုက်ကူးမှုအရည်အသွေး ကောင်းမွန်သော အမျိုးအစားကို ရွေးချယ်ဝယ်ယူရန်လိုပေသည်။
Raw ရိုက်ကူးနိုင်မှု
ဓါတ်ပုံများကို Raw mode ဖြင့်ရိုက်ကူးနိုင်မှုသည်လည်း အားသာချက်တစ်ရပ် ဖြစ်နိုင်ပါသည်။ ရရှိလာသည့် ဓါတ်ပုံများကို White Balance, Noise Reduction, Sharpness စသည်တို့ကို မူလအရည်အသွေး မပျက် စိတ်ကြိုက် ပြန်လည်ချိန်ညှိနိုင်မှုသည် ဓါတ်ပုံကောင်းတစ်ပုံရရှိနိုင်ရန် အခွင့်အရေးကောင်းများပင်ဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့်
Battery အမျိုးအစားများတွင် AA Alkaline ဓါတ်ခဲများအသုံးပြုသော
အမျိုးအစားများသည် နေရာမရွေး ဓါတ်ခဲဝယ်ယူအသုံးပြု၍ရသော
အားသာချက်ရှိသော်လည်း Original Battery Pack ပါရှိသော အမျိုးအစားများသည်
ပို၍ကျစ်လစ်ကာ အသုံးပြုရလွယ်ကူခြင်းသည်လည်းကောင်း Memory Card
များဝယ်ယူအသုံးပြုရာတွင် Full HD 1080p Format များရိုက်ကူးနိုင်ရန် Class
6, Class 10 အစရှိသည့် Data transfer rate မြင့်မားသော ကဒ်များအား
သတိပြုဝယ်ယူရန်လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။
ကိုငယ်(မန္တလေး)
Britain Computer Shopper Megazine မှ ၂၀၁၂ January လအတွက်ရွေးချယ်သော ကြယ်ငါးပွင့်အဆင့်ရ Ultra Zoom Camera သုံးမျိုး
1.Canon SX 40 HS, 12 Megapixels (4000x3000), 35x optical zoom (24-840mm)
2.7 in LCD (230000 pixels), SDXC slot Li-ion battery, 600g, £381
2. Panasonic Lumix DMC-FZ48, 12 Megapixels (4000x3000), 24x optical zoom (25-600mm),
3.0 in LCD (460000 pixels), SDXC slot, Li-ion battery, 498g, £270
3. Panasonic Lumix DMC-FZ150, 12 Megapixels (4000x3000), 24x optical zoom(25-600mm),
3.0 in LCD (460000 pixels), SDXC slot, Li-ion battery, 528g, £385
No comments:
Post a Comment