Wednesday, January 25, 2012

Buying a LCD Monitor








LCD Monitor တစ်လုံးရွေးချယ်ဝယ်ယူခြင်းသည် ငွေမည်မျှသုံး၍၀ယ်ယူမည် ဆိုရုံမျှဖြင့် အသင့်တော်ဆုံး ရွေးချယ်မှုတစ်ရပ် မရရှိနိုင်ပေ။ တူညီသော ဈေးနှုန်းအကန့်အသတ် တစ်ခုအတွင်း၌ပင် အရွယ်အစား ခပ်ကြီးကြီး ရုပ်ပုံအရည်အသွေး ခပ်သင့်သင့် အရွယ်အစား ခပ်ငယ်ငယ် သို့သော် ကောင်းမွန်သော ရုပ်ပုံအရည်အသွေး သို့မဟုတ် ပိုမိုများပြားသော Input များလက်ခံနိုင်မှု စသည်ဖြင့် အမျိုးမျိုး တွေ့ရှိနိုင်ပေသည်။
 

LCD Panel များထုတ်လုပ်ရာတွင် အဓိက အသုံးပြုသော နည်းပညာ သုံးမျိုးမှာ Twisted Nenatic (TN), Vertical Alignment (VA) နှင့် In-Plane Switching (IPS) တို့ဖြစ်ကြပါသည်။ 2011 တွင် Samsung မှစတင် အသုံးပြုခဲ့တဲ့ နည်းပညာသစ် Plane to line Switching (PLS) နည်းပညာကိုတော့ Samsung Monitor အချို့မှာတွေ့နိုင်ပေမယ့် ဈေးကွက်အတွင်း ကျယ်ပြန့်စွာ မတွေ့ရှိနိုင်သေးပါ။ ဈေးကွက်အတွင်း အကျယ်ပြန့်ဆုံး တွေ့ရှိနိုင်တာကတော့ TN နည်းပညာသုံး LCD Monitor များဖြစ်ပါသည်။

TN နည်းပညာသုံး Monitor များသည် ထုတ်လုပ်မှုကုန်ကျစရိတ် အနည်းဆုံးဖြစ်ပြီး ဈေးကွက်အတွင်း ဈေးနှုန်း အချိုသာဆုံးသော Monitor များမှာ လည်းကောင်းနည်းပညာဖြင့်ထုတ်လုပ်ထားသော Monitor များဖြစ်ကြပါသည်။ လည်းကောင်း နည်းပညာ၏ အားသာချက်မှာ response time မြန်ဆန်ခြင်းဖြစ်ပြီး အများအားဖြင့် 2ms ဖြစ်ပါသည်။ နောက်တစ်ချက်မှာ ဈေးနှုန်းချိုသာခြင်းဖြစ်ပါသည်။ သို့သော် အားနည်းချက်များမှာ Viewing Angle ကျဉ်းမြောင်းခြင်း၊ တောက်ပမှုအားနည်းခြင်း နှင့် အရောင်ထွက် တိကျမှန်ကန်မှု အားနည်းခြင်းတို့ပင်ဖြစ်ပါသည်။

TN နည်းပညာဖြင့်ထုတ်လုပ်ထားသော Monitor များထက်တစ်ဆင့် ပိုမိုကောင်းမွန်သည်မှာ VA နည်းပညာသုံး Monitor များဖြစ်ပြီးလည်းကောင်းတို့ကို (S-PVA Panels) ဟုလည်း အသိများပါသည်။ လည်းကောင်းတို့သည် TA Panel များထက်ပိုမိုကောင်းမွန်သော Viewing Angle , ပိုမို တိကျမှန်ကန်သော အရောင်ထွက်များနှင့် အထူးပို၍ကောင်းမွန်သော တောက်ပမှုများရှိပြီး အနက်ရောင် ပြသနိုင်မှုအားအကောင်းဆုံး နည်းပညာလည်း ဖြစ်ပါသည်။ သို့ရာတွင် လည်းကောင်း Panel များ၏ Response time နှင့် Input display lug မှာမူ TN Panel များလောက် မြန်ဆန်မှုမရှိပေ။ ဈေးနှုန်းအရမူ TN နည်းပညာသုံး Panel များထက် ပို၍ကြီးမြင့်လေ့ရှိပါသည်။

IPS နည်းပညာ အခြေခံသော Monitor များမှာ ဈေးအကြီးဆုံး Panel များဖြစ်ပြီး အကောင်းဆုံးသော Viewing angle များရှိကြကာ ပိုမိုတိကျမှန်ကန်သော အရောင်ထွက်များ ရရှိနိုင်ပါသည်။ သို့သော် အနက်ရောင် ပြသနိုင်မှုအားမှာမူ VA နည်းပညာသုံး Panels များလောက်ကောင်းမွန်ခြင်းမရှိပေ။ ထို့ပြင် IPS Monitor များသည် Response Time နှင့် Input Display Lug များတွင် အနှေးဆုံး monitor panel များဖြစ်ကြပါသည်။

PLS နည်းပညာသည် Samsung ၏နောက်ဆုံးပေါ်နည်းပညာဖြစ်ပြီး ကနဦးစတင်သုံးစွဲမှုအဖြစ် လည်းကောင်း၏ Tablet Computer ဖြစ်သော Galaxy Tab 10.1 တွင်အသုံးပြုခဲ့ကာ Monitor တွင်မူ Samsung SyncMaster S27A850D မော်ဒယ်တွင်သုံးစွဲထားပါသည်။ PLS panel များသည် IPS monitor များကဲ့သို့ပင် ကျယ်ပြန့်သော Viewing Angle အထူးကောင်းမွန်သော တောက်ပမှု စသည်တို့ရှိပြီး နည်းပညာအားလုံးထဲတွင် ပါဝါစားအသက်သာဆုံးဖြစ်ကာ ထုတ်လုပ်မှုကုန်ကျစရိတ်အရလည်း Samsung ၏အဆိုအရ IPS Panel များထက် ၁၅% ပိုမိုသက်သာသည်ဟုဆိုပါသည်။






Backlight Technology

ရှေးဦးစွာရှင်းလင်းတင်ပြလိုသည်မှာ LCD Monitor နှင့် LED Monitor  မည်သို့ကွာခြားသနည်း ဆိုခြင်းပင်ဖြစ်ပါသည်။ တစ်ကယ်တမ်း ဤမေးခွန်းမှာ သားရေခံဖိနပ်နှင့် ဆင်ခြောက်ကောင်ဖိနပ် မည်သည့်ဖိနပ်ကောင်းသနည်းဟု မေးသကဲသို့ပင်ဖြစ်နေပါသည်။ LCD ဆိုသည်မှာ Liquid Crystal Display ကိုအတိုကောက်ခေါ်ဆိုခြင်းဖြစ်ပြီး Liquid Crystal များဖြင့် ပုံရိပ်များဖော်ယူသော နည်းပညာကို ရည်ညွှန်းပါသည်။ ယခင်နှစ်များက လည်းကောင်း LCD မျက်နှာပြင်ကို နောက်ဘက်မှ အလင်းပေးသော စံနစ်အား CCFL ဟုခေါ်သော Cold Cathode fluorescent စံနစ်ကိုအသုံးပြုခဲ့ပါသည်။ ယခုအခါ နောက်ဆုံးထုတ် LCD panel များတွင် အဆိုပါ အလင်းပေးသောစံနစ်အား နည်းပညာအဆင့်မြင့် LED မီးလုံးများဖြင့် အစားထိုးကာ ပြောင်းလဲအသုံးပြုခဲ့ပါသည်။ ထိုကဲ့သို့ အလင်းပေးသော နည်းပညာပြောင်းလဲသုံးစွဲထားသော LCD Panel များကိုလည်း နည်းပညာပြောင်းလဲထားကြောင်း သိစေလိုသဖြင့်  LED Panel ဟု တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ LED monitor များသည် ပို၍ပါးလွှာသည် ပို၍ အရောင်တိကျသေချာမှုရှိသည် ပါဝါစားပို၍သက်သာသည် ထို့ပြင် CCFL ကဲ့သို့ လူကိုအဆိပ်အတောက် ဖြစ်စေသော ပြဒါးပါဝင်သုံးစွဲထားခြင်းမရှိသဖြင့် အလွယ်တကူ Recycle ပြုလုပ်နိုင်ပေသည်။


Making A Connection

နောက်ထပ်သိသင့်သည့် အချက်မှာ မည်ကဲ့သို့သော input အမျိုးအစားများ ထည့်သွင်း သုံးစွဲနိုင်သနည်း ဟူသော အချက်ပင်ဖြစ်ပါသည်။ သင်၏ PC မှနေ၍ ပုံမှန် Analog VGA Cable ဖြင့် ချိတ်ဆက်ခြင်းမှာ အမြင့်ဆုံး ရုပ်ထွက်ကို မရရှိနိုင်ပေ။ HDCP-Compliant DVI input ပါရှိသော Monitor များသည် HDMI output ပါရှိသော မည်သည့် ပစ္စည်းမှမဆို Adaptor ခံရုံမျှဖြင့် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါသည်။ ယခုကဲ့သို့ HDMI အသုံး လွန်စွာကျယ်ပြန့်လာနေသော ခေတ်တွင် HDMI input ပါရှိသော Monitor ကိုရွေးချယ်ဝယ်ယူခြင်းကတော့ အလွန်သင့်တော်မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်စေနိုင်ပါသည်။



Native Resolution

Screen Size အရသော်လည်းကောင်း Aspect ratio အရသော်လည်းကောင်း ရံဖန်ရံခါ ထုတ်လုပ်သူ၏ ထုတ်လုပ်မှု စံချိန်စံညွှန်းများအရသော်လည်းကောင်း Monitor တစ်လုံး၏ Resolution ကိုသတ်မှတ်ပါသည်။ Monitor တစ်လုံးကိုမ၀ယ်ယူမီ လည်းကောင်း Monitor ၏ Native Resolution သည် မိမိအတွက် သက်သောင့်သက်သာဖြစ်မဖြစ်ကို သေချာစွာ ကြည့်ရှုရွေးချယ်သင့်ပါသည်။ သတိပြုရန်မှာ Monitor တစ်လုံးသည် Up Scale Resolution သို့မဟုတ် Down Scale Resolution များသည် မည်သို့မျှကြည့်ရှု၍ အဆင်မပြေဆိုခြင်းပင်ဖြစ်ပါသည်။


Audio Function

အချို့သော Monitor များသည် Built-in Speaker ပါရှိပါသည်။ သို့ရာတွင် အသံအရည်အသွေးမှာမူ သာမာန်အားဖြင့်သာ ထည့်သွင်းထားတတ်ပါသည်။ သို့သော် နေရာအကျပ်အတည်းရှိသူများအတွက်မူ အတန်သင့် အဆင်ပြေလွယ်ကူမှုတစ်ရပ်ဖြစ်နိုင်ပါသည်။




Inspecting A Monitor

နောက်ဆုံး ရွေးချယ်မှုမပြုလုပ်မီ လက်တွေ့ စမ်းသပ်စစ်ဆေးမှုများ အနေဖြင့် အောက်ပါအချက်အချို့ကိုပြုလုပ် ကြည့်နိုင်ပါသည်။

Viewing Angle ကောင်းမကောင်းကို Monitor ၏ဘေးဘယ်ညာထက်အောက်စသည်မှ ကြည့်ရှု၍ အရောင်များ ပြောင်းလဲသွားမှုရှိမရှိ အလင်းအမှောင်ပြောင်းလဲသွားမှုရှိမရှိ ကိုလည်းကောင်း ။

Accurate Colors အရောင်များမှန်ကန်မှုရှိမရှိကို မိမိရင်းနှီးသော ပစ္စည်းများ လူများစသည်တို့နှင့် နှိုင်းယှဉ်ကြည့်ရှုခြင်းဖြင့် လည်းကောင်း ။

Glossy Screens တောက်ပြောင်သော မျက်နှာပြင်ရှိသည့် Monitor များသည် ရုပ်ရှင်များ ဂိမ်းများ၏ contrast ကိုမြင့်တက်လာစေသယောင် ထင်ရသော်လည်း အချို့မှာ မျက်နှာပြင် တောက်ပြောင်မှုကို နှစ်သက်လေ့မရှိပေ။ ထို့ကြောင့် တောက်ပြောင်သော မျက်နှာပြင်နှင့် အလင်းပြန်မှုကို ကာကွယ်ရန် ပြုလုပ်ထားသော တောက်ပြောင်မှုမရှိသည့် Matte Screen နှစ်မျိုးကို သေချာစွာကြည့်ရှု ရွေးချယ်ရန်လိုပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။




ကိုငယ် (မန္တလေး)








No comments:

Post a Comment