ကောင်းမွန်သော
ဓါတ်ပုံတစ်ပုံ အတွက် အရေးအကြီးဆုံး အချက်တစ်ခုကို ပြပါဆိုလျှင်
ဖွဲ့စည်းပုံ (Composition) ဟုပြောကလွန်အံ့ မထင်ပါ။ ဓါတ်ပုံတစ်ပုံ၏
ဖွဲ့စည်းပုံဆိုသည်မှာ ရိုက်ကူးလိုက်သည့် ပုံအတွင်း ပါဝင်ဖွဲ့စည်းသည့်
အရာများ (တစ်နည်းဆိုသော်) အရာဝထ္ထုများကို နေရာတကျ ထည့်သွင်း
ရိုက်ကူးခြင်းပင်ဖြစ်သည်။ ဓါတ်ပုံဆရာတစ်ဦး အတွက် အထူးအလေးပေး
ရွေးချယ်စရာများ အဖြစ် မည်သည့် ကင်မရာ၊ မည်သည့် မှန်ဘီလူး (သို့မဟုတ်)
အခြားသော ထွေထွေရာရာ တပ်ဆင်ပစ္စည်းများ ရှိမည်ဖြစ်သော်လည်း
ဓါတ်ပုံ၏ဖွဲ့စည်းပုံကောင်းမွန်မှုမပါဘဲ ဆွဲဆောင်မှုရှိသော ပြေပြစ်လှပသော
ရှုချင်စဖွယ် ပုံကောင်းတစ်ပုံအဖြစ် ရရှိနိုင်မည်မဟုတ်ပေ။ ယခုဆောင်းပါးတွင်
Macro ဓါတ်ပုံတစ်ပုံ ရိုက်ကူးရာတွင် အသုံးပြုသင့်သည့် အခြေခံ ဖွဲ့စည်းပုံ
အချို့အကြောင်း ဆွေးနွေးတင်ပြပါမည်။
Sunday, July 22, 2012
Wednesday, July 11, 2012
အနာဂါတ်၏ မိုဘိုင်းနည်းပညာသစ် (သို့မဟုတ်) Google ၏ Project Glasses
Google မှ Project Glass ခေါ်ဆိုသည့် မျက်မှန်ကဲ့သို့ တပ်ဆင်ရပြီး မျက်စိအမြင်အာရုံရှေ့တွင် တိုက်ရိုက်ပြသပေးနိုင်သည့် အဆင့်အမြင့်ဆုံး တစ်ကိုယ်ရည်သုံး နည်းပညာပစ္စည်းတစ်မျိုးကို ထုတ်ဖော်ပြသလိုက်သည့် အချိန်တွင် နည်းပညာစိတ်ဝင်စားသူများအတွင်း သိသိသာသာအမြင်ကွဲပြားသည့် အုပ်စုနှစ်စု ပေါ်ထွက်လာသည်။ ပထမတစ်အုပ်စုမှာ အလွန်အံ့အားသင့်သွားပြီး စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်များထဲမှ နည်းပညာမြင့် ပစ္စည်းများ အမှန်တကယ် ပေါ်ထွက်လာပြီဟုဆိုသည်။ ဒုတိယအုပ်စုမှာ ခဏတာ ပေါ်ပင်အဖြစ် ပေါ်ထွက်လာသည့်ပစ္စည်းဖြစ်ပြီး ရေရှည်အတွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည်မဟုတ် ဟုဆိုကြသည်။ အောက်တွင် ဆက်လက်ဖော်ပြမည့် အချက်အလက်များကို ကြည့်ရှု၍ စာဖတ်သူပရိသတ်များကိုယ်တိုင် ဝေဖန်ဆန်းစစ်ကြည့်ကြပါဟု ဆိုချင်ပါသည်။
Project Glass သည် ဝတ်ဆင်အသုံးပြုနိုင်သော ကွန်ပျူတာ စံနစ်တစ်မျိုး ပေါ်ထွန်းလာစေရန် Google ၏ကြိုးပမ်းမှု တစ်ရပ်ပင်ဖြစ်သည်။ ဖရိန်အတွင်း မြှုပ်သွင်း တပ်ဆင်ထားသည့် ဘက်ထရီ တစ်ပါတည်းပါရှိကာ မျက်စိရှေ့အမြင်အာရုံတွင် ပြသပေးနိုင်သည့် ပုံဖော်စံနစ်ပါရှိသည့် Smart Glass ဟုလည်းခေါ်ဆိုနိုင်သည့် တစ်ကိုယ်ရည်သုံး စွယ်စုံ အထောက်အကူပြု ပစ္စည်းတစ်မျိုးဖြစ်သည်။ ဝတ်ဆင်အသုံးပြုနိုင်သည့် ကွန်ပျူတာ စံနစ်မှာ အမှန်စင်စစ် ယခုမှ ပေါ်ထွက်လာသည့် နည်းပညာသစ် တစ်ရပ် မဟုတ်သော်လည်း ချမ်းသာကြွယ်ဝသည့် Google ၏ ဓနအင်အားနှင့် လုပ်နိုင်စွမ်းရှိသည့် နည်းပညာတို့က အများသူငါ အသုံးပြုနိုင်မည့် အရေအတွက်များများ ပေါ်ထွက်လာစေမည့် အကြောင်းဖန်လာခြင်းပင်ဖြစ်သည်။
အဆိုပါ Glasses များသည် Google ၏ ကိုယ်ပိုင် Mobile Operating System ဖြစ်သည့် Android ကိုအသုံးပြုထားပြီး လှုပ်ရှားမှုကို အာရုံခံနိုင်သည့် Sensor, GPS နှင့် 3G နှင့် 4G Data connection များပါရှိသည်။ Google ၏အဆိုအရ အဆိုပါ Glasses များသည် မိုဘိုင်းဖုန်း ကွန်ပျူတာ အစရှိသည့် မည်သည့် အခြားသော ပစ္စည်းအပေါ်ကိုမျှ မှီခိုရန် မလိုအပ်ဘဲ သူ့ချည်း သီးသန့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်း၏ ရှေ့တွင် Megapixels သိပ်မများသည့် ကင်မရာတစ်လုံးပါရှိကာ အဆိုပါကင်မရာကို အထောက်အပံ့ပြုရန် Flash ငယ်တစ်ခုပါထည့်သွင်းထားသည်။
Google Glasses ကို ဝတ်ဆင်ထားလျှင် သင်သည် ခေတ်သစ် နည်းပညာ လောက၏ စမတ်အကျဆုံး လူသားတစ်ဦး ဖြစ်ပေပြီဟုဆိုသည်။ ၎င်းက သင်လိုအပ်သမျှ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ အနီးကပ်ဖြည့်ဆည်း ပေးနေမည်ဖြစ်ပြီး သင်၏ မိတ်ဆွေအပေါင်းအသင်းများနှင့် အချိန်းအချက်ပြုလုပ်ခြင်း၊ သင်သွားသည့် ခရီးလမ်းတစ်လျောက် လိုအပ်သည့် သတင်းအချက်အလက်များပေးခြင်း၊ နှုတ်ဖြင့် စေခိုင်းရုံဖြင့် ဓါတ်ပုံများ ဗီဒီယိုများ ရိုက်ကူး မှတ်တမ်းတင်ပေးခြင်း၊ အနီးဆုံး စားသောက်ဆိုင်ရှိရာ လမ်းညွှန်ပေးခြင်း နှင့် နေရာအတွက် ဘွတ် လုပ်ပေးခြင်း စသည်တို့ပြုလုပ်နိုင်မည် ဟုဆိုသည်။ ထို့ပြင် အလုပ်ထဲတွင် ရောက်ရှိနေပါက အလုပ်အတွက် လိုအပ်သမျှ စာရွက်စာတမ်း သတင်းအချက်အလက် စသည်တို့ကိုလည်း ရှာဖွေ ကြည့်ရှု နိုင်ဦးမည်ဖြစ်သည်။
New York Times သတင်းစာကြီးကမူ အဆိုပါ Google Project Glasses များသည် ခဏတာ ပေါ်ပင် ဖြစ်မည့် ပစ္စည်းမျိုး မဟုတ်ဟု ဆိုပါသည်။ Google ၏ အတော်ဆုံးဟု ဆိုရမည့် ပညာရှင်တစ်စုသည် အဆိုပါ နည်းပညာ ဖွံဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြပြီး ဖြစ်သည့်အပြင် နောင်တွင် ပိုမို၍ သေးငယ်ပြီး ပိုမို စွမ်းပကားမြင့်မားသည့် ပစ္စည်းများ ထွက်ပေါ်လာစေရန် အတွက်ပါ ရည်ရွယ်လုပ်ကိုင်နေကြသည်။ သို့ရာတွင် လည်းကောင်း ကဲ့သို့ နည်းပညာမြင့် ပစ္စည်းများအသုံးပြုနိုင်ရန် အတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ခုဖြစ်သည့် 3G / 4G Mobile Communication စံနစ်များ အဆင်ပြေ ကောင်းမွန်မှုရှိရန်မှာ လွန်စွာ အရေးကြီးလှသည်။ ကျွန်တော်တို့ မြန်မာပြည်တွင်လည်း ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသည့် အချိန်တွင် နည်းပညာများ လျှင်မြန်စွာ တဟုန်ထိုး တိုးတက်နေသော ခေတ်တွင် အများနည်းတူ ရင်ဘောင်တန်း လျောက်လှမ်းနိုင်ရန် အတွက် မျက်မှောက် ကမ္ဘာ၏ မရှိမဖြစ် လိုအပ်ချက်တစ်ခုသဖွယ် ဖြစ်သော အဆိုပါ ကြိုးမဲ့ ဆက်သွယ်ရေးနည်းစံနစ်များနှင့် မြန်နှုန်းမြင့် အင်တာနက်နည်းပညာတို့ကို အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
Labels:
Android,
Electronics,
Electronics. IT Gadgets,
ဒစ်ဂျစ်တယ်,
နည်းပညာ,
မိုဘိုင်း
Thursday, July 5, 2012
အိန္ဒိယ ကျေးရွာများ၏ ဘ၀ကိုပြောင်းလဲစေခဲ့သော နေရောင်ခြည်စွမ်းအင်သုံး အသေးစား လျှပ်စစ်ထုတ်လုပ်ငန်းများ
လုပ်ငန်းစဉ်များ၏ နောက်တွင် မြောက်များလှစွာသော ကျေးရွာများတွင်
နေထိုင်သည့် သန်း ၄၀၀ ခန့်သော ကျေးလက်နေပြည်သူတို့မှာ လျှပ်စစ်မီး မရရှိဘဲ
အချို့သော ကျေးရွာများရှိ လူများမှာ လျှပ်စစ်မီးကို
လုံးဝမမြင်ဘူးကြသည်ပင်ရှိကြသည်။ အဆိုပါ ကျေးရွာများတွင် ညအခါ
အလင်းရောင်ရရှိရန် ရေနံဆီ မီးခွက်များကိုသာ အားကိုးထွန်းညှိကြရပြီး
ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ၎င်းရေနံဆီမီးခွက်များမှ မီးလောင်
ထွက်ရှိသော မီးခိုးငွေ့များကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ကလေးငယ်များ
မတော်တဆ ရေနံဆီကို မှားယွင်းသောက်သုံးမိခြင်း
စသည့် ကျန်းမာရေးပြသနာများအပြင် မီးဘေးအန္တရာယ် နှင့် ကျောင်းသားအရွယ်
ကလေးငယ်များ ညအချိန် စာကြည့်ရန် ခက်ခဲမှုများ စသည့်
အခက်အခဲများလည်းရှိကြသည်။
Subscribe to:
Posts (Atom)