Tablet
PC များသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဈေးကွက်ထဲသို့
လွှမ်းမိုးဝင်ရောက်လာလျက် ရှိကြောင်း သတိပြုမိကြမည်ထင်ပါသည်။ ထိုသို့
များပြားလှသည့် အမည်အမျိုးမျိုး ပုံသဏ္ဏန်အမျိုးမျိုး သော Tablet PC
များအနက် သင့်အတွက် ကိုက်ညီမည့် Tablet PC တစ်လုံးအား မည်ကဲ့သို့
ရွေးချယ်ဝယ်ယူရမည်နည်း ဆိုသည်ကို တင်ပြပေးသွားပါမည်။
နည်းပညာလောကကြီးတစ်ခုလုံးအား ပြင်းစွာ လှုပ်ခတ်သွားစေခဲ့သည့် Apple မှ iPad ထွက်ပေါ်လာအပြီးတွင် နှစ်အတန်ကြာ ငြိမ်သက်နေခဲ့သော Tablet PC များ၏ ဈေးကွက်သည်လည်း ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြန်လည် လှုပ်ရှားသက်ဝင်လာခဲ့ပါသည်။
နည်းပညာလောကကြီးတစ်ခုလုံးအား ပြင်းစွာ လှုပ်ခတ်သွားစေခဲ့သည့် Apple မှ iPad ထွက်ပေါ်လာအပြီးတွင် နှစ်အတန်ကြာ ငြိမ်သက်နေခဲ့သော Tablet PC များ၏ ဈေးကွက်သည်လည်း ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြန်လည် လှုပ်ရှားသက်ဝင်လာခဲ့ပါသည်။
Tablet
PC ဆိုသည်မှာ ကျယ်ပြန့်သော Display မျက်နှာပြင်နှင့် အများစုမှာ Touch
Screen ဖြစ်ပြီး လည်းကောင်းတို့ကို ရုပ်ရှင်ကြည့်ရန်သော်လည်းကောင်း
အင်တာနက်နှင့် ချိတ်ဆက်၍ သတင်းများ ကြည့်ရှုခြင်း Websites
များဖတ်ရှု/ရေးသားခြင်းများပြုလုပ်ရန်သော်လည်းကောင်း စာရင်းဇယား မှတ်စု
များပြုစုရေးသားရန်သော်လည်းကောင်း သို့မဟုတ် ကွန်ပျူတာတစ်လုံးကဲ့သို့
အနုပညာ နည်းပညာ ဖန်တီးပြုလုပ်ချက်များ ပြုလုပ်ရန်သော်လည်းကောင်း အစရှိသည့်
ကွန်ပျူတာတစ်လုံးနီးပါး ပြုလုပ်စွမ်းဆောင်နိုင်သော ပေါ့ပေါ့ပါးပါး သယ်ဆောင်
အသုံးပြုနိုင်သည့် အဆင့်မြင့်နည်းပညာသုံး ပစ္စည်းတစ်မျိုးဖြစ်ပါသည်။
Tablet
များကိုရွေးချယ်သည့်အခါ ပထမဆုံး အနေနှင့် လည်းကောင်း တို့အသုံးပြုသည့် OS
ခေါ် Operating System ဆိုသည်ကို သိရှိရန်လိုပါသည်။ အဘယ့်ကြောင့်ဆိုသော် OS
ကွာခြားသွားသည်နှင့် လည်းကောင်းတို့၏ စွမ်းဆောင်ရည်အပါအ၀င် ထုတ်လုပ်သည့်
ကုမ္ပဏီ ၊အသုံးပြုရသည့် ပုံစံ အစရှိသည်တို့ပါ ကွာခြား သွားနိုင်သောကြောင့်
ဖြစ်ပါသည်။ Operating System ဆိုသည်မှာ စက်ပစ္စည်း (Machine) နှင့် အသုံးချ
Application Software များအကြား အသုံးပြုသူ အဆင်ပြေချောမွေ့စေရန်
လုပ်ဆောင်ပေးရသည့် ပင်မ Software ဖြစ်ပါသည်။ ဦးစွာ ဈေးကွက်အတွင်း
ဦးဆောင်နေသော အဓိက OS များအကြောင်း တင်ပြပါမည်။
ပထမတစ်မျိုးမှာ
Apple ကုမ္ပဏီမှ iOS ဖြစ်ပြီး iPad iPhone နှင့် iPod တွင်အသုံးပြုပါသည်။
သူ၏ ကုမ္ပဏီမှ ထုတ်လုပ်ထားသော ပစ္စည်းများအတွက် သီးသန့်
ထုတ်လုပ်အသုံးပြုထားသော OS ဖြစ်၍ အသုံးပြုရသည်မှာ ပြဿနာနည်းပါး၍
အဆင်ပြေသည်ဟုဆိုနိုင်ပါသည်။ သို့သော်လည်း အသုံးပြုသူများနှင့် Software
ဖန်တီးထုတ်လုပ်သူ (Developer) များအတွက်
စိတ်ကြိုက်ပြုပြင်သုံးစွဲနိုင်ခြင်းတွင်မူ အခြားသော OS အနီးဆုံးဆိုရလျှင်
Open Source ဖြစ်သော ယှဉ်ပြိုင်ဘက် Google မှထုတ်သည့် Android OS များနှင့်
ယှဉ်ကြည့်ပါက အတော်ပင်နည်းပါးကာ အကန့်အသတ်များရှိနေသည်ဟု ဆိုနိုင်ပါသည်။
အကန့်အသတ်များ ဟုဆိုရာတွင် ယှဉ်ပြိုင်ဘက် Android OS တွင်လုပ်ဆောင်နိုင်သော
အင်တာနက် ၀က်ဆိုက်များတွင် အသုံးများလှသည့် Adobe Flash ဖြင့်ဖန်တီးထားသော
Animation နှင့် Video များကို ကြည့်ရှုရန် ကန့်သတ်ထားခြင်း မှစ၍ ပြင်ပမှ
USB ဖြင့် Data/Media ဖိုင်များကူးယူ ကူးထည့်ခြင်းများ အပါအ၀င် HDMI Port
များ ထည့်သွင်းရန်ခွင့်မပြုခြင်း OS ၏ Interface ကိုမူလပုံစံမှလွဲ၍
ပြောင်းလဲအသုံးပြုရန် ခွင့်မပြုခြင်း အစရှိသည်တို့ပါဝင်ပါသည်။ Apple ကမူ
သုံးစွဲသူ နှင့် Server များ၏ လုံခြုံစိတ်ချရေးအတွက်ဖြစ်သည်ဟု ဆိုပါသည်။
အထက်ပါ
OS များအပြင် Blackberry မှ သူ၏ Playbook Tablet အတွက် ကိုယ်ပိုင် OS
(RIM) ကိုထုတ်လုပ် အသုံးပြုထားပါသည်။ ထို့အပြင် HP Touch Pad အတွက်
အသုံးပြုသည့် ဆက်လက် ထုတ်လုပ်ခြင်းမရှိတော့သော WebOS အစရှိသည့် OS
အချို့ရှိသေးသော်လည်း အလွန်အသုံးနည်း သည့်အပြင် ဆက်လက်ထုတ်လုပ်ခြင်း
မရှိတော့သည့်အတွက် မတင်ပြတော့ပါ။ Acer Iconia Tab W500 နှင့် Viewsonic
View Pad 10 တို့မှာ ပြုပြင်ထားသည့် Windows 7 ကိုအသုံးပြုထားပြီး Windows 7
မှာ Tablet အတွက်မူ သင့်လျော်လှခြင်း မရှိသည်ကို တွေ့ရှိရပါသည်။
Sony S1 Android Tablet |
နောက်ထပ်
အရေးကြီးသော အချက်တစ်ခုမှာ ထည့်သွင်း အသုံးချနိုင်မည့် Apps (သို့မဟုတ်)
Application များရရှိနိုင်မှုဖြစ်ပါသည်။ ယခုအခါ Apple ၏ Application Store
တွင်ရော Android Market တွင်ပါ သောင်းဂဏန်း ရှိသည့် နယ်ပယ်စုံအတွက်
Application များ ရရှိနိုင်ပြီဖြစ်ပြီး အလွန်ရေပန်းစားသော Application
များသည် OS ၂မျိုးစလုံးအတွက် ရရှိနိုင်ပြီဖြစ်ပါသည်။ သို့သော်ငြား Hardware
ဖွဲ့စည်း တည်ဆောက်ပုံ ကောင်းသော်လည်း Application စုံစုံလင်လင်
မရရှိနိုင်သည့်အတွက် ဈေးကွက်အတွင်း ရပ်တည်နိုင်စွမ်း မရှိတော့သည့် HP
Touch Pad Web OS ကဲ့သို့သော Tablet များကို သတိပြုသင့်ပေသည်။ Software
မပါသော computer သည် မည်သို့မျှ အသုံးချ၍ရလိမ့်မည်မဟုတ်ပေ။
ပေါ့ပါးမှုနှင့်
လွယ်ကူစွာသယ်ယူနိုင်မှု သည်လည်း Tablet PC များရွေးချယ်ရန်အတွက်
အရေးပါလှသော အချက်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် အရွယ်အစားနှင့်
အလေးချိန်သည်လည်း သေချာစွာထည့်သွင်းစဉ်းစားရန် လိုပါသည်။ Tablet PC များသည်
ယေဘုယျအားဖြင့် ပုံသဏ္ဍန်တူညီသယောင်ရှိသော်လည်း အလေးချိန်မှာမူ
များစွာကွာခြားမှု ရှိနိုင်ပါသည်။
နောက်တစ်ချက်
မှာ Display မျက်နှာပြင်ဖြစ်ပြီး သာမာန်အားဖြင့် ဈေးသက်သာသော Tablet
များမှာ လိုက်လျောညီထွေစွာပင် Display မျက်နှာပြင် အရည်အသွေးကို
လျှော့ထားတတ်ကြပါသည်။ လည်းကောင်းမှာ Viewing Angle
(ထောင့်စုံမှကြည့်ရှုနိုင်မှု) နှင့် Touch Responsive Quality
(ထိတွေ့တုံ့ပြန်နိုင်မှုအား) အပေါ်တွင် အကျိုးသက်ရောက်စေပါသည်။ ထို့ကြောင့်
မ၀ယ်ယူမီ မိမိလက်ခံနိုင်သော အရည်အသွေး ရှိမရှိ သေချာစွာ စစ်ဆေးကြည့်ရန်
လိုပါသည်။
ASUS Eee Transformer Pad TF 101 |
ကွန်ပျူတာ
Hard Drive ကဲ့သို့ အလားသဏ္ဍန်တူစွာ Tablet PC များတွင်လည်း Internal
Storage Space ပါရှိပြီး တစ်မျိုးနှင့်တစ်မျိုး ထည့်သွင်းပါရှိသော ပမာဏ
ကွာခြား ပါသည်။ သို့ရာတွင် ကွန်ပျူတာ ကဲ့သို့ Media File များကို
ကြာရှည်စွာ သိုမှီးသိမ်းဆည်း ထားရန် မဟုတ်သည်ကို သတိပြုရန်လိုအပ်ပြီး
မိမိအသုံးအပေါ်တွင် မူတည်၍ ရွေးချယ်ရန်သာဖြစ်ပါသည်။ ကွာခြားချက်မှာ
ဈေးနှုန်းသာဖြစ်ပါသည်။ အခြား သတိပြုရန် အချက်အချို့မှာ အချို့ Tablet
များသည် ရှေ့နောက် ကင်မရာနှစ်လုံးပါရှိပြီး ရှေ့မျက်နှာပြင်မှ ကင်မရာမှာ
Skype, VZO နှင့် iPad အတွက်မူ Face Time အစရှိသည့် Video Call ခေါ်ဆိုခြင်း
ပြုလုပ်ရာတွင် အသုံးပြုပါသည်။ Location Tools များဖြစ်သည့် Compasses
နှင့် GPS စသည်တို့ သည်လည်းကောင်း Orientation Sensor ပါရှိခြင်း Gyroscope
နှင့် Accelerometer စသည်တို့သည်လည်း သတိပြုဖွယ်ရာများ ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော်
Tablet တစ်လုံး၏ Processorသည် မည်မျှမြန်သည် Memory မည်မျှများသည်
ဆိုသည်ထက် ပို၍အရေးပါသည်မှာ အဆိုပါ Tablet မည်မျှ အသုံးပြုရအဆင်ပြေသည်
မပြေသည် ဆိုသည်ပင်ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်ရာတွင် မိမိအသုံးနှင့်
ကိုက်ညီမှုရှိသည့် ပစ္စည်းကို ရွေးချယ် ဖို့သာလိုပါသည်။ Apple ၏ iPad မှာမူ
အကောင်းဆုံး Tablet နေရာတွင်ရပ်တည်နေပြီး Android OS သုံး Tablet များထဲမှာ
Samsung Galaxy Tab 10.1 , Motorola Xoom, Asus Eee Transformer Pad
စသည်တို့သည်လည်း ကောင်းမွန်သော Tablet များဖြစ်ကြပါသည်။ Sony မှ
အသစ်ထုတ်လုပ်လိုက်သည့် Tablet များမှာလည်း Playstation ဂိမ်းများနှင့်
ကျွမ်းဝင်ပြီးသားသူများအဖို့ အကြိုက်တွေ့စရာပင်ဖြစ်ပါသည်။ ၂၀၁၁
နှစ်ကုန်ပိုင်းနှင့် ၂၀၁၂ နှစ်ဆန်းပိုင်း တွင် ထွက်ရှိရန်
ကြေငြာထားပြီးဖြစ်သော Tablet များလည်း မကြာတော့သော အချိန်အတွင်း
မြင်တွေ့ရတော့မည်ဖြစ်ရာ Tablet PC တစ်လုံး ၀ယ်ယူရန် စိတ်ကူးနေသူများ အဖို့
မိမိအသုံး နှင့် လိုအပ်ချက်များ အပေါ်တွင် မူတည်၍
စဉ်းစားဆုံးဖြတ်နိုင်ပါစေကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။
ကိုငယ် (မန္တလေး)
No comments:
Post a Comment